>> ပြည့်တန်ဆာ တစ်ဦးကြောင့် ရွန်းနေ ခြေစွမ်း ပျောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထွက်ပေါ်   >> ဘော့စနီးယားနှင့်ပွဲအတွက် ဘင်ဇီမာ အသင့်ဖြစ်နေ   >> တူရကီကို ကျော်ဖြတ်နိုင်သည်ဟု ဆိုသော ဘယ်လ်ဂျီယံ တိုက်စစ်မှူး    >> မန်ယူ အသင်း ချန်ပီယံလိဂ် လူစာရင်းတွင် ဘီဘီ မပါဝင်   >> အမေရိကန်တွင် အခြေချရန် အင်္ဂလန်ရှိ အိမ်ကြီးကို ဘက်ခမ်း ရောင်းချမည်   >> ဗီလာ နည်းပြ ရာထူးအတွက် ယနေ့တွင် အဖြေပေးမည့် ဟူလီယာ   >> ဘောလက်ခ်သည် မိမိ၏ စိတ်ကူးထဲတွင် ရှိနေဆဲဖြစ်ကြောင်း ဂျာမနီ နည်းပြ ပြောဆို   >> ဂျွန်တိုရှက်ခ် ဝေလနည်းပြ ရာထူးမှ ထွက်တော့မည်   >> အကောင်းဆုံး လူစာရင်းကိုသာ မျှော်လင့်နေသော ဂရိနည်းပြ   >> ဆွစ်ဇာလန်နှင့် ပွဲတွင် အင်္ဂလန် အသင်း ခြေစွမ်းပြရန် ဂျရတ်မျှော်လင့်   >> ဂျင်မီကာရေဂါ ဂုဏ်ပြု ဘောလုံးပွဲ ကျင်းပ   >> ပရန်ဒယ်လီ လက်ထက် အီတလီ အသင်း ရလဒ်ကောင်းမည်ဟု ဇိုလာ ယုံကြည်    >> ဆုဖလားများ ရယူနိုင်ဦးမည်ဟု အက်ဆီယန် ယုံကြည်   >> တိုက်စစ်အားနည်းနေသော ရီးရဲလ်အသင်းအတွက် မော်ရင်ဟို စိတ်ပျက်နေ   >> မန်စီးတီးသည် အောင်မြင်မှုအတွက် စိန်ခေါ်ရန် အသင့်မဖြစ်သေးဟု အီဘရာဟင်မိုဗစ် ဝေဖန်  
 

 
2010-09-06 20:18:02 Login Password
Bookmark and Share
ဂန္တ၀င် သူရဲကောင်း တစ်ဦး၏ အိမ်အပြန်

  အင်္ဂလန် နိုင်ငံသား တစ်ဦးဖြစ်သည့် ၀ါရင့် ကွင်းလယ်လူ ဘက်ခမ်းမှာ ပရိသတ်များအတွက် ရောက်လေရာ အသင်းတိုင်းတွင် သူ၏ Banana Shape ပြစ်ဒဏ်ဘော ကန်သွင်းဟန်များ အပြင် အကောင်းဆုံး ဖြတ်တင်ဘော အသုံးချဟန်များဖြင့် ဖမ်းစားနိုင်ခဲ့သည်မှာ အငြင်းပွားဖွယ်မရှိ လက်ခံရမည့် သာဓက တစ်ခုဖြစ်သည်။ သူ၏ ဘ၀ အစကနဦးပိုင်းကို လက်လှမ်းမီသမျှ တင်ပြရမည်ဆိုလျှင် အမည်ရင်းမှာ ဒေးဗစ် ရောဘတ်ဂျိုးဇက်ဘက်ခမ်းဖြစ်ပြီး လန်ဒန်မြို့ လိုင်တွန်စတုန်းဒေသတွင် ၁၉၇၅ ခုနှစ် မေလ ၂ ရက်နေ့၌ မွေးဖွားခဲ့သူဖြစ်ကြောင်း သိရသည်။
   ကံကြမ္မာ၏ ကျီစယ်မှုအရ ဘောလုံးဝါသနာအိုးများဖြစ်သည့် မိဘနှစ်ပါးမှ မွေးဖွားလာခဲ့သည့် ဘက်ခမ်းမှာ ငယ်စဉ်ဘ၀တွင် မန်ချက်စတာမြို့မှာ မန်ယူအသင်း၏ နာမည်ကြီး ကစားသမားဖြစ်သူ ဆာဘော်ဘီ ချာလ်တန်၏ ဘောလုံး သင်တန်းကျောင်းတွင် စတင်ပညာသင်ကြားခဲ့ပါသည်။ ယင်းနောက်နှစ် အနည်းငယ် အကြာတွင် ဒေသခံ ကလပ် အသင်းဖြစ်သည့် ရစ်ချဲဝလ်ရိုဗာအသင်းတွင် ကစားခဲ့သည်။ ထိုစဉ်က ယင်းအသင်းအား နည်းပြအဖြစ် ဘက်ခမ်း၏ ဖခင်ဖြစ်သူနှင့် ရင်းနှီးကျွမ်းဝင်သည့် သူများမှ ကိုင်တွယ်ခဲ့ကြောင်း မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ကာလ ရှည်ကြာစွာ တည်ရှိလာသည်နှင့် အမျှ ဘက်ခမ်းမှာလည်း တဖြေးဖြေးနှင့် ပရော်ဖက်ရှင်နယ် ကစားသမားဘ၀အဖြစ်သို့ ကူးပြောင်းလာခဲ့သည်။ အဆိုပါ အင်္ဂလန်သားမှာ ၁၉၈၇ ခုနှစ်မှ ၁၉၉၁ ခုနှစ်အထိ စပါးအသင်းတွင်ကစားခဲ့ပြီး ၁၉၉၁ ခုနှစ်မှ ၁၉၉၃ ခုနှစ်အထိတွင် မန်ယူအသင်း၌ လူငယ် ကစားသမားဘ၀အဖြစ် ရောက်လာခဲ့ကာ သူ၏ ဆန်းကြယ်လှသည့် Banana Shape ပြစ်ဒဏ်ဘော ကန်သွင်းဟန်များဖြင့် မန်ချက်စတာ ပရိသတ်များကို ဖမ်းစားနိုင်ခဲ့သည်။ ဤသို့ဖြင့် နောက်ဆုံးတွင် မန်ယူ စီနီယာ အသင်း၏ အမြဲတမ်း ကစားသမားဘ၀အဖြစ်သို့ ၁၉၉၃ ခုနှစ်တွင် ရောက်ရှိလာခဲ့သည်။ ဘက်ခမ်းကို မန်ယူ ပရိသတ်များမှ စတင် သတိထားမိခဲ့သည့် ပွဲမှာ ၁၉၉၂ ခုနှစ်က ခရစ္စတဲလ်ပဲလေ့စ်နှင့် ကစားခဲ့သည့် FA ဖလား ဖိုင်နယ် ပွဲစဉ်ဖြစ်ပြီး ယင်းပွဲတွင် မန်ယူအတွက် ဘက်ခမ်းမှာ ပြိုင်ဘက် အသင်း ဂိုးပေါက်ထဲသို့ လှပစွာ သွင်းယူ သွားခဲ့သည်။
   ၁၉၉၄ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့က ကျင်းပခဲ့သည့် တူရကီကလပ် ဂါလာတာစာရေး အသင်းကို ၄ ဂိုးပြတ်ဖြင့် အိမ်ကွင်းတွင် အနိုင်ရခဲ့သော UEFA ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင်လည်း ဘက်ခမ်းမှာ အစွမ်းပြခဲ့ပြီး မန်ယူအတွက် အရေးပါသည့် အနိုင် ၃ မှတ်ကို ရယူပေးခဲ့သည်။ ၁၉၉၄-၉၅ ဘောလုံး ရာသီတွင် ဘက်ခမ်းမှာ ပရက်စတန် အသင်းသို့ အငှားချခြင်း ခံခဲ့ရသည်။
   လူသားတို့ အနေဖြင့် ကိုယ်လိုချင်သည့် အောင်မြင်မှုကို ကြိုးစား ရယူရုံသာမက ကံပါမှ ဖြစ်နိုင်မည် ဆိုသည့် သဘောအတိုင်း ထိုစဉ်က မန်ယူ အသင်းတွင် ဘက်ခမ်းမှာ နာမည်တစ်လုံးနှင့် ထိုက်တန်သည့် ခြေစွမ်းပြမှုများ သာမက သူ၏ ဆွဲဆောင်မှု အပြည့်ရှိသည့် ရုပ်ရည် ဟန်ပြင်များဖြင့် ကမ္ဘာ့စီးပွားရေး လောကကိုပါ ကိုင်လှုပ်ပြနိုင်ခဲ့သည်။ ယင်းနောက်နှစ် အနည်းငယ် အကြာတွင် စပိုက်ဂဲလ်အဖွဲ့မှ နာမည်ကျော် အဆိုတော်ဖြစ်သူ ဗစ်တိုးရီးယားနှင့် အကြောင်းပါ ခဲ့ပြီး သူ၏ အနာဂတ် မျိုးဆက်အဖြစ် သားယောက်က်ျားလေး ၃ ဦးကို မွေးဖွားခဲ့ပြီး  ဘက်ခမ်းမှာ နွေးထွေး သာယာသည့် မိသားစုဘ၀ကိုခံစားမိခဲ့သည်မှာ ယနေ့အထိ ဖြစ်သည်။
   ဘက်ခမ်း၏ ပထမဆုံး မန်ယူ ကစားသမားအဖြစ် စတင်ခဲ့သည့် ဂျာစီအင်္ကျီနံပါတ်မှာ ၁၀ ဖြစ်ပြီး ယင်းနံပါတ်မှာ တစ်ခါက မန်ယူတိုက်စစ်မှူးဟောင်း မာ့ခ်ဟုခ်ျ ၀တ်ဆင်ခဲ့ဖူးသည့် ကျောနံပါတ် ဖြစ်သည်။ ယင်းဂျာစီဖြင့် ဘက်ခမ်းမှာ ၁၉၉၆ ခုနှစ် သြဂုတ်လ ၁၇ ရက်နေ့တွင် ကစားခဲ့သည့် ၀င်ဘယ်တန်အသင်းကို ၂းဝ ဖြင့် အနိုင်ရခဲ့သည့် ပရီးမီးယားပွဲတွင် အကောင်းဆုံး ဂိုးများဖြင့်  ပရိသတ်ကို ပေးဆပ်နိုင်ခဲ့သည်။ ၁၉၉၆-၁၉၉၇ ခုနှစ် ဘောလုံးရာသီတွင် ဘက်ခမ်းမှာ မန်ယူအတွက် အစွမ်းပြခဲ့သောကြောင့် တစ်နှစ်တာ အကောင်းဆုံး ကစားသမား ဆုကို ရရှိခဲ့သည်။ ယင်းနောက် မန်ယူအသင်းတွင် ဘက်ခမ်းမှာ ၂၀၀၃ ခုနှစ်အထိ ဆက်နေခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း ၂၆၅ ပွဲ ကစားခဲ့ပြီး ၆၁ ဂိုး သွင်းယူခဲ့သည့် အပြင် ချန်ပီယံလိဂ်တွင်လည်း ဘက်ခမ်းမှာ ၈၁ ပွဲကစားခဲ့ပြီး ၁၅ ဂိုး သွင်းယူခဲ့သည်။
   ဘက်ခမ်း၏ ကစားသမား ဘ၀မှာ ဖြောင့်ဖြူးသာယာမှု မရှိဘဲ အခက်အခဲများနှင့်သာ ကြုံတွေ့ခဲ့ရသည်။ အင်္ဂလန် တစ်နိုင်ငံလုံး၏ အမုန်းဆုံး ရန်သူအဖြစ်နှင့်လည်း သတ်မှတ်ခံခဲ့ရဖူးသည်။ သို့သော်လည်း ဘက်ခမ်းမှာ လောကဒဏ်၏ ရိုက်ပုတ်မှု ဒဏ်ကို ကြံ့ကြံ့ခံခဲ့ရင်း မန်ယူအသင်းတွင် နေရာတစ်ခု ရရန် ကြိုးစားခဲ့ရာ မန်ယူအသင်း၏ ပရိသတ်များ ရင်ထဲသို့ ပြန်လည် တိုးဝှေ့ဝင်ရောက်လာခဲ့သည်။ ထို့နောက် ဘက်ခမ်းမှာ အင်္ဂလန် လက်ရွေးစင် ကစားသမားအဖြစ် ၁၉၉၆ ခုနှစ်တွင် စတင် ရွေးချယ်ခဲ့ရပြီး ယနေ့အထိ နိုင်ငံအသင်းအတွက် ၁၁၅ ပွဲ ကစားထားပြီး ၁၇ ဂိုး သွင်းယူထားသူဖြစ်သည်။ မန်ယူနှင့် အင်္ဂလန်အသင်းတို့ အတွက် သူ၏ မူပိုင်ဖြစ်သည့် Banana Shape ပြစ်ဒဏ်ဘောကန်သွင်းဟန်များဖြင့် အခါအခွင့်သင့်တိုင်း ပရိသတ်များကို ပေးဆပ်နိုင်ခဲ့သည်။
   ဘက်ခမ်းမှာ မန်ယူအတွက် ၁၂ နှစ်ကြာ ပေးဆပ်ရင်း နေလာခဲ့သောကြောင့် အသင်း၏ ဂန္တ၀င်တိုက်စစ်မှူး နာမည်ရလာခဲ့သည်။ မန်ယူနှင့် အင်္ဂလန်အတွက် မည်သို့ပင် လုပ်ရပါစေ၊ ပေးဆပ်ခွင့်ရရင် ကျေနပ်ပြီဟူသည့် ခံယူချက်နှင့် စိတ်ထားကြောင့် ပရိသတ်များ၏ အချစ်တော် ဖြစ်လာခဲ့သည်။
   လောကတွင် လူသားတိုင်း ကြုံရလေ့ရှိသည့် တွေ့ဆုံကြုံကွဲ သဘောအတိုင်း ဘက်ခမ်းမှာ သူအသက်တမျှ ချစ်လှပါသည် ဆိုသည့် မန်ယူကို ၂၀၀၃ ခုနှစ်တွင် စွန့်ခွာခဲ့ရကာ ရီးရဲလ်အသင်းရှိရာ စပိန်နိုင်ငံ မက်ဒရစ်မြို့သို့ ပြောင်းရွှေ့ကြေးယူရို ၃၅ သန်းဖြင့် ရောက်ရှိသွားခဲ့သည်။
   ထိုမှတစ်ဆင့် ဘက်ခမ်းမှာ အမေရိကန် မေဂျာလိဂ်ကလပ် LA ဂလက်ဇီအသင်းသို့ ပြောင်းရွှေ့သွားခဲ့ကာ ယင်းအသင်းတွင် ယနေ့အထိ ကစားနေသော်လည်း မကြာခင် ကျင်းပတော့မည့် တောင်အာဖရိက ကမ္ဘာ့ဖလားပွဲတွင် အင်္ဂလန်အသင်းနှင့်အတူ ပါဝင်ချင်သည့် သူ၏ဆန္ဒကြောင့် ပုံမှန်ပွဲထွက်ခွင့်ရစေမည့် အီတလီ ကလပ် မီလန်တွင် အငှား ကစားနေလျှက်ရှိသည်။
   ကံတရား၏ ကျီစယ်မှု တစ်ခုကြောင့် ယခု ရာသီအတွက် ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ရှုံးထွက်ပွဲများမှာ မကြာခင် ကျင်းပမည် ဖြစ်ပြီး ယင်းအဆင့်တွင် သူ၏ မီလန်နှင့် အသင်းဟောင်း မန်ယူတို့မှာ ဆုံတွေ့နေကြပြီဖြစ်သည်။ သတင်း မီဒီယာများနှင့် တွေ့တိုင်း မန်ယူကို ယနေ့အထိ မမေ့နိုင်ပါဟု ပြောလေ့ရှိသည့် ဘက်ခမ်းအတွက် ယခုတွင် သူမြတ်နိုးခဲ့သည့် အသင်းဟောင်းနှင့် ပြန်ဆုံရမည်ဖြစ်သည်။ ယင်းမှာ ကြည်နူးဖွယ် ကောင်းတဲ့ အမှတ်တရဖြစ်ပြီး သူ့ကိုလည်း မန်ယူ ပရိသတ်များက ယနေ့အထိ မေ့ကြဦးမည် မဟုတ်ပေ။ ကစားသမားတစ်ဦးအတွက် ယခုကဲ့သို့ တစ်ခါက ပတ်သက်ခဲ့ဖူးသည့် အသင်းဟောင်းနှင့် ပြန်ဆုံရခြင်းမှာ တကယ့်ကိုပင် အဖိုးမဖြတ်နိုင်သည့် ကြည်နူးမှုပင်ဖြစ်သည်။
   ကာယကံရှင် ဘက်ခမ်း၏ စိတ်တွင်လည်း အဆိုပါ ကိစ္စနှင့် ပတ်သက်၍ နှစ်ပေါင်းများစွာ ကွဲကွာခဲ့ရသည့် မိသားစုကို ပြန်တွေ့ရသကဲ့သို့ နွေးထွေးနေမည်မှာ အမှန်ပင်ဖြစ်သည်။ မန်ယူအသင်း၏ ဂန္တ၀င် အိမ်ကွင်းကြီးဖြစ်သည့် အိုးလ်ထရက်ဖို့ဒ်တွင်လည်း ယခင်က အသင်းတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့ဖူးသည့် သူရဲနီကွင်းလယ်လူ ဘက်ခမ်း၏ အမှတ်တရ ပုံရိပ်များမှာလည်း ယနေ့ အထိ ရှင်သန်နေဆဲပင် ဖြစ်သည်။ ထိုသို့သော စိတ်ခံစားမှုပေါင်းစုံဖြင့် အသက်ဝင် စေမည် ဂန္တ၀င် သူရဲကောင်းဘက်ခမ်း၏ အိမ်အပြန် မန်ချက်စတာ ခရီးစဉ်မှာ ကြည်လင်အေးမြသည့် စိတ်ခံစားမှု နွေးထွေးသည့် မိသားစု ပမာဖြစ်နေသည့် ခံစားမှု၊ ဖော်မပြနိုင်သည့် ၀မ်းသာ ပျော်ရွှင်မှုများနှင့် ထာဝရ အသက်ဝင်လှပသွားမည်မှာပင် သေချာနေပြီဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။

 
More Article

ť

ပန်းမ၀င်ခင် တက်မထောင်ဘူးဆိုတဲ့ ကိုးရီးယား ဂုဏ်ဆောင် ဟောင်အန်အာ

ť

ယူရိုပါလိဂ် အကြို ရင်ခုန်သံများ (ဒုတိယပိုင်း)

ť

ယူရိုပါလိဂ် အကြို ရင်ခုန်သံများ (ပထမပိုင်း)

ť

ပရီးမီးယား ပွဲစဉ် ၂ နှင့် ၃ ကို ပြန်လည် ခံစားခြင်း

ť

ရင်ခုန်မှုများနှင့် လာလီဂါ

ť

နည်းပြ ယိုစိမ့်မှု ကြုံတွေ့နေရတဲ့ အီတလီရဲ့ စီးရီးအေ

ť

မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ခရီး

ť

ပရီးမီးယားပွဲစဉ် (၁) ကို ပြန်လည်ခံစားခြင်း

ť

သိမှတ်ဖွယ်ရာ စူပါဖလား ပဒေသာ

ť

ဥရောပ တစ်လွှားမှ ထင်ပေါ်ကျော်ကြား ဒါဘီပြိုင်ဘက်များ အပိုင်း-၂