>> ပြည့်တန်ဆာ တစ်ဦးကြောင့် ရွန်းနေ ခြေစွမ်း ပျောက်ခဲ့ခြင်း ဖြစ်ကြောင်း သတင်းထွက်ပေါ်   >> ဘော့စနီးယားနှင့်ပွဲအတွက် ဘင်ဇီမာ အသင့်ဖြစ်နေ   >> တူရကီကို ကျော်ဖြတ်နိုင်သည်ဟု ဆိုသော ဘယ်လ်ဂျီယံ တိုက်စစ်မှူး    >> မန်ယူ အသင်း ချန်ပီယံလိဂ် လူစာရင်းတွင် ဘီဘီ မပါဝင်   >> အမေရိကန်တွင် အခြေချရန် အင်္ဂလန်ရှိ အိမ်ကြီးကို ဘက်ခမ်း ရောင်းချမည်   >> ဗီလာ နည်းပြ ရာထူးအတွက် ယနေ့တွင် အဖြေပေးမည့် ဟူလီယာ   >> ဘောလက်ခ်သည် မိမိ၏ စိတ်ကူးထဲတွင် ရှိနေဆဲဖြစ်ကြောင်း ဂျာမနီ နည်းပြ ပြောဆို   >> ဂျွန်တိုရှက်ခ် ဝေလနည်းပြ ရာထူးမှ ထွက်တော့မည်   >> အကောင်းဆုံး လူစာရင်းကိုသာ မျှော်လင့်နေသော ဂရိနည်းပြ   >> ဆွစ်ဇာလန်နှင့် ပွဲတွင် အင်္ဂလန် အသင်း ခြေစွမ်းပြရန် ဂျရတ်မျှော်လင့်   >> ဂျင်မီကာရေဂါ ဂုဏ်ပြု ဘောလုံးပွဲ ကျင်းပ   >> ပရန်ဒယ်လီ လက်ထက် အီတလီ အသင်း ရလဒ်ကောင်းမည်ဟု ဇိုလာ ယုံကြည်    >> ဆုဖလားများ ရယူနိုင်ဦးမည်ဟု အက်ဆီယန် ယုံကြည်   >> တိုက်စစ်အားနည်းနေသော ရီးရဲလ်အသင်းအတွက် မော်ရင်ဟို စိတ်ပျက်နေ   >> မန်စီးတီးသည် အောင်မြင်မှုအတွက် စိန်ခေါ်ရန် အသင့်မဖြစ်သေးဟု အီဘရာဟင်မိုဗစ် ဝေဖန်  
 

 
2010-09-06 20:30:24 Login Password
Bookmark and Share
အချစ်ကိုပါ ကစားကြသူများ

   ပြီးခဲ့တဲ့ လထဲမှာ ကိုယ့်ဇနီး မယားနဲ့ သမီးသားတွေ ရှိပါလျက်နဲ့ ဆန္ဒ အလိုကိုလိုက် မိုက်မိခဲ့လို့ လူသိရှင်ကြား သောက ပွားခဲ့ရတဲ့ ကစားသမား ၂ ယောက် အကြောင်းဟာ မီဒီယာ စာမျက်နှာတွေပေါ်မှာ ပလူပျံခဲ့ပါတယ်။
    အဲဒီ ကစားသမား ၂ ယောက်ဟာ မတူညီတဲ့ နယ်ပယ်မှာ အောင်မြင်မှု သရဖူ ကိုယ်စီ ရထားကြသလို ကမ္ဘာကျော် ကစားသမား တွေလည်း ဖြစ်ကြပါတယ်။
    သူတို့ ၂ ယောက်ကတော့ ဂေါက်သီး ချန်ပီယံ တိုက်ဂါးဝုဒ်နဲ့ အင်္ဂလန် ဘောလုံးအသင်း ကပ္ပတိန် ဂျွန်တယ်ရီ တို့ပါပဲ။
     တိုက်ဂါးဝုဒ်ဟာ ဂေါက်သီး လောကမှာ သရဖူပေါင်း များစွာနဲ့အတူ သန်းကြွယ် သူဋ္ဌေးဘ၀ကို ခံယူထားသလို မော်ဒယ် ဖြစ်ခဲ့တဲ့ ဇနီးသည် အီလင်နဲ့အတူ သာယာ ချမ်းမြေ့တဲ့ အိမ်ထောင်သည် ဘ၀ကို ထူထောင် ထားသူပါ။
     ဒါပေမယ့် တိုက်ဂါးဝုဒ် အတွက် ရွှေရောင်လွှမ်းခဲ့တဲ့ ပျော်ရွှင်ဘွယ်ရာ နေ့ရက်တွေဟာ ၂၀၀၉နဲ့အတူ ကုန်ဆုံး သွားခဲ့ရ ပါပြီ။
     ဆမ်နဲ့ ချာလီလို့ခေါ်တဲ့ သမီးနှစ်ယောက် ရှိထားကြပြီဖြစ်ပြီး အများက အားကျရလောက်တဲ့ စုံတွဲဖြစ်ခဲ့ပေမယ့် အဲဒီဘ၀ တွေရဲ့ နောက်ကွယ်မှာ ရှိခဲ့တဲ့ တိုက်ဂါးဝုဒ်ရဲ့ မလည်ရှုပ် ဇာတ်လမ်းဟာ အခုတော့ ဘူးပေါ်သလို ပေါ်ခဲ့ရပါတယ်။
     မိန်းမ ချောလေးပေါင်း များစွာကို ငွေကုန်ကြေးကျခံ ခေါ်ယူပြီး ပျော်ပါးခဲ့တဲ့ ကာလတွေရဲ့ ဇာတ်လမ်းတွေ ပဲပေါ့ ....
     အိမ်က အိမ်ဖော်ဟောင်းပါ မကျန် တိုက်ဂါးဝုဒ်ရဲ့ နှလုံးသား ရိုက်ချက်တွေ ခံခဲ့ရတာကိုး ......
     သတင်း အနံ့လေးရတာနဲ့ လက်မြန် ခြေမြန် ရှိလှတဲ့ သူတို့ဆီက သတင်းထောက်တွေကြောင့်လည်း တိုက်ဂါးဝုဒ်နဲ့ ပျော်ခဲ့ကြဘူးပါတယ်ဆိုတဲ့ မိန်းမချော ... မိန်းမလှလေးတွေဟာ ဟော ... တစ်ယောက် ဟော... တစ်ယောက်နဲ့ မီဒီယာ စာမျက်နှာတွေပေါ် ရောက်လာချိန်မှာတော့ အကောင်းဆုံး ရိုက်ချက်တွေနဲ့ ချန်ပီယံ သရဖူယူခဲ့တဲ့ ကိုရွှေ တိုက်ဂါး ခဗျာ ခေါင်းတောင် မဖော်နိုင်ခဲ့တော့ပါဘူး။
     စကင်ဒီနေဗီးယန်းသူ ဖြူဖြူချောချော ဇနီးသည်က မုန့်သာဝေစားမယ် အချစ်ကို ဝေမစားနိုင်သူမို့ ကွာရှင်းမယ် တကဲကဲပေါ့။
     ဒေါ်လာသန်း ရာနဲ့ချီချမ်းသာတဲ့ တိုက်ဂါးဝုဒ်ဟာ ဟေတီငလျင်အတွက် ဒေါ်လာ ၃ သန်း လှူဒါန်းခဲ့သေးပေမယ့် အဲဒီသတင်းဟာ ကွာရှင်းကြတော့မယ်ဆိုတဲ့ သတင်းလောက် လူတွေရဲ့ စိတ်ဝင်စားမှုကို မရခဲ့ပါဘူး။
     လောလောဆယ် ပြန်လည် ထူထောင်ရေး ဆေးခန်းတစ်ခုမှာ အနားယူနေရတဲ့ တိုက်ဂါးဝုဒ်အတွက် စိတ်ပျက်သွား ခဲ့ကြတဲ့ စပွန်ဆာတွေကြောင့် တိုက်ဂါးဝုဒ်ဟာ မခန့်မှန်း နိုင်လောက်တဲ့ ၀င်ငွေတွေလည်း လျော့ပါးသွားဦးမှာပါ။
     ဟော .... အခု တိုက်ဂါးဝုဒ်ထက် သာတဲ့ သူတစ်ယောက် ထပ်ပေါ်လာပြန်ပါပြီ။
     သူကတော့ .... တယ်ရီ .... ဆိုတဲ့ အင်္ဂလန်နဲ့ ချဲလ်ဆီးအသင်း ကပ္ပတိန်ကြီးပေါ့ .....
     တယ်ရီရဲ့ အဖြစ်ဟာ တိုက်ဂါးဝုဒ်ထက်တောင် ပိုဆိုးပါတယ်။ အကြောင်းကတော့ ရင်သွေးငယ် အမြွာပူးလေး ၂ ယောက်နဲ့ အတူ ငယ်ချစ်ဦးလည်းဖြစ်တဲ့ ဇနီးသည် တိုနီ ရှိနေတဲ့ ကြားက တခြား မိန်းမသား တစ်ယောက်နဲ့ မှောက်မှားခဲ့ တာကြောင့် ဖြစ်ပြီး အဲဒီ မိန်းမသားဟာလည်း ကိုယ့်အသင်းဖော်ရဲ့ ဇနီးသည် ဖြစ်နေတဲ့ အပြင် ကိုယ့်မိန်းမရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလည်း ဖြစ်နေတာကြောင့်ပါပဲ ....
     ဗာနက်ဆာ လို့ခေါ်တဲ့ ပြင်သစ်သူလေးဟာ အင်္ဂလန်လက်ရွေးစင် ၀ိန်းဘရစ်ခ်ျရဲ့ ချစ်သူပါ .... သူဟာ ၂၀၀၆ ကမ္ဘာ့ဖလားမှာ ဘရစ်ခ်ျကို အားပေးဖို့ တခြား ဘောလုံးသမား ဇနီးမယားတွေနဲ့ အတူ ဂျာမနီမြေကို လိုက်လာဘူးသူဖြစ်ပြီး အဲဒီအချိန်ကစလို့ တယ်ရီရဲ့ ဇနီး တိုနီနဲ့ အရင်းနှီးဆုံး သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပါတယ်။
     အိမ်ချင်းကလည်း မဝေးလှလို့ နှစ်အိမ့် တစ်အိမ် ၀င်ထွက်တတ်ကြသူတွေလည်း ဖြစ်ပါတယ်။
     ဒါပေမယ့် မန်စီးတီးမှာ သွားကစားနေပြီဖြစ်တဲ့ ၀ိန်းဘရစ်နဲ့ ဗာနက်ဆာတို့ဟာ ပြီးခဲ့တဲ့ နှစ်ထဲမှာ ကတောက်ကဆ ဖြစ်ခဲ့ကြသလို ၀ိန်းဘရစ်ဟာ မန်စီးတီး အသင်းနဲ့ အဆင်ပြေပြေ ကစားလို့ဖြစ်မယ့် နေရာဘက်ကို ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ဗာနက်ဆာကတော့ ပေါင် ၃ သန်းတန် အိမ်ဟောင်းမှာ ၃ နှစ်အရွယ် သားကလေးနဲ့ ကျန်နေခဲ့သူပါ။
      အဲဒီနောက်ပိုင်းမှာပဲ တယ်ရီနဲ့ ဗာနက်ဆာတို့ ဇာတ်လမ်းစခဲ့ပြီး ဗာနက်ဆာဟာ ကိုယ်ဝန်ရခဲ့တဲ့ အထိ ဖြစ်ခဲ့ပါတယ်။ ဒီအခါ တယ်ရီဟာ ပုဂ္ဂလိက ဆေးခန်း တစ်ခုမှာ ဗာနက်ဆာရဲ့ ကိုယ်ဝန်ကို ဖျက်ချစေခဲ့တယ်လို့လည်း ဆိုပါတယ်။
     တယ်ရီအနေနဲ့ ကိုယ့်ဇနီးသည်ရဲ့ အချစ်ဆုံး သူငယ်ချင်းမို့ ကူညီဖို့ပါ ဆိုပေမယ့် အဲဒီ ကိုယ်ဝန်ရှိတဲ့ သတင်းကို သူငယ်ချင်း အရင်းခေါက်ခေါက် တိုနီမသိရှာခဲ့ပါဘူး။
     အခုတော့ ဇာတ်လမ်းတွေဟာ တဖြည်းဖြည်းနဲ့ ရှုပ်ထွေးလာပြီး ကိုယ်ချစ်သူကိုမှ ကျူးကျူးကျော်ကျော် လာစော်ကားတဲ့ တယ်ရီကြောင့် ၀ိန်းဘရစ်ခ်ျ ခမျာလည်း အတော်ပဲ ခံစားနေရပါတယ်။
    မန်စီးတီး အသင်းဖော်တွေဖြစ်ခဲ့တဲ့ တိဗက်ဇ် အိုင်ယာလန်စတဲ့ သူတွေဟာ ဘရစ်ခ်ျကို အားပေးစကားတွေနဲ့ ကိုယ်ချင်းစာနာတတ်မှုကို ပြခဲ့ကြပါတယ်။
    တစ်ပတ်ကို ပေါင် ၁၇၀၀၀၀ ရနေတဲ့ ချဲလ်ဆီးကပ္ပတိန်ကြီးကတော့ တစ်ရှက်ပေါ် သုံး .... လေးရှက် ထပ်ဆင့်ရင်း အတတ်ကျူးတဲ့ ဒဏ်ကို ခံနေရပါပြီ ...
    လွန်ခဲ့တဲ့ ၁၀ နှစ်လောက်အတွင်း တယ်ရီရှုပ်ခဲ့သမျှတွေကို သတင်းသမားတွေက နာမည်တွေနဲ့ တကွ အတိအကျ ဖောက်သည်ချပြသခဲ့သလို ဒီလိုလူ တစ်ယောက်ဟာ နိုင်ငံဘောလုံး အသင်းရဲ့ ကပ္ပတိန်ကော ဖြစ်ထိုက်သေးရဲ့လား .... လို့ပါ မေးလာကြတဲ့အခါ  ......
     အသင်းနည်းပြ ကာပယ်လိုက အမှန်ကိုသာ ဖြေပါလို့ တောင်းဆိုခဲ့သလို အားကစားဝန်ကြီး ဂယ်ရီ ဆက်ကလစ်ဖ်ကလည်း စဉ်းစားချင့်ချိန်သင့်ပြီလို့ ဆိုခဲ့ပါတယ်။
    လောလောဆယ် နောက်ဆုံး သတင်းတွေအရ တိုနီဟာ တယ်ရီနဲ့ လမ်းခွဲဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။
    မန်စီးတီး အသင်းနဲ့ အတူ အင်္ဂလန် အသင်းသား တချို့ရဲ့ ဝေဖန်မှုတွေကို ခေါင်းငုံခံနေရရှာတဲ့ တယ်ရီဟာ ပြီးခဲ့တဲ့ စနေ ဘန်လေနဲ့ပွဲမှာ အနိုင်ဂိုး သွင်းပေးနိုင်ခဲ့ပေမယ့် ကိုယ့်ဘ၀ကို အခြေပျက်စေမယ့် ကိုယ့်ဂိုး ကိုယ်ပြန်သွင်းမိတဲ့အပေါ်မှာတော့ .... ပြန်လည် မချေပနိုင်ခဲ့တော့ပါဘူး ...
    စိတ်အလိုကိုလိုက် မိုက်မှားတတ်တယ်ဆိုတဲ့ စကားလိုပဲ အကဲလွန်  .... အကစားလွန်သွားတဲ့ နှလုံးသား ကစားပွဲမှာ အထိနာခဲ့ရပါပြီ ....
    သူ့ရဲ့ အခုကိစ္စကို ဘယ်လိုလူကမှလည်း ခွင့်လွှတ်မယ့် စကား ပြောမလာသေးပါဘူး ....
    သြော် ..... အချစ်ဆိုတာ တန်ရင်ဆေး ..... လွန်ရင်ဘေး ..... ပေါ့ဗျာ ....

 
More Article

ť

ပန်းမ၀င်ခင် တက်မထောင်ဘူးဆိုတဲ့ ကိုးရီးယား ဂုဏ်ဆောင် ဟောင်အန်အာ

ť

ယူရိုပါလိဂ် အကြို ရင်ခုန်သံများ (ဒုတိယပိုင်း)

ť

ယူရိုပါလိဂ် အကြို ရင်ခုန်သံများ (ပထမပိုင်း)

ť

ပရီးမီးယား ပွဲစဉ် ၂ နှင့် ၃ ကို ပြန်လည် ခံစားခြင်း

ť

ရင်ခုန်မှုများနှင့် လာလီဂါ

ť

နည်းပြ ယိုစိမ့်မှု ကြုံတွေ့နေရတဲ့ အီတလီရဲ့ စီးရီးအေ

ť

မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ခရီး

ť

ပရီးမီးယားပွဲစဉ် (၁) ကို ပြန်လည်ခံစားခြင်း

ť

သိမှတ်ဖွယ်ရာ စူပါဖလား ပဒေသာ

ť

ဥရောပ တစ်လွှားမှ ထင်ပေါ်ကျော်ကြား ဒါဘီပြိုင်ဘက်များ အပိုင်း-၂