>> ရိန်းဂျားနှင့် ဆဲလ်တစ် အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြောင်းမည် မဟုတ်   >> မိမိ၏ လက်ရွေးစင်ဘ၀ အနာဂတ် မသေချာဟု ဆိုတဲ့ တီဗက်ဇ်   >> မန်ယူနှင့် ချန်ပီယံလိဂ် ပွဲအတွက် ရိန်းဂျုားကွင်းလယ်လူ စိတ်လှုပ်ရှားနေ   >> အင်္ဂလန် ကပ္ပတိန် ရာထူးကို ဖာဒီနန် မျှော်လင့်ဆဲဖြစ်နေ   >> ဘာလိုတယ်လီ ၆ ပတ် နားရမည်    >> ဝေါးလ်ကော့၏ ခြေချင်းဝတ် ဒဏ်ရာကို အာဆင်နယ် စစ်ဆေးမည်   >> ယူရို ၂၀၁၂ အပြီးတွင် ရာထူးမှ နုတ်ထွက်မည်ဟု ကာပယ်လို ပြောဆို   >> ကာကာကို ချဉ်းကပ်နေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အင်တာ ငြင်းဆို   >> ဒတ်ခ်ျ FA နှင့် ဘိုင်ယန်မြူးနစ် အကြား အငြင်းပွားမှု ဘလတ္တာ ၀င်စွက်   >> အဲဗာတန် ပရိသတ်များ၏ လှောင်ပြောင်မှုကို ရွန်းနေ ခံရဖွယ်ရှိ   >> နိုင်ငံတကာပွဲစဉ် ဇယားများကို ပြန်လည်သုံးသပ်ရန် ဖီဖာကို ကလပ်အသင်းများ တောင်းဆို   >> လှုပ်လှုပ်ရှားရှား အာရှကျားများ   >> ဘူလ်ဂေးရီးယား နည်းပြ ရာထူးမှ နှုတ်ထွက်ပြီ   >> ဥရောပ ယူ-၂၁ ချန်ပီယံရှစ် Play-off ပွဲစဉ်များ မနက်ဖြန်တွင် မဲခွဲမည်   >> နိုင်ငံတော်သီချင်းအား လှောင်ပြောင်သော စကော့ ပရိသတ်များကို ဂျော့ခ်ျပိ ပေါက်ကွဲနေ  
 

 
2010-09-09 10:23:01 Login Password
Bookmark and Share
လက်ရှိ အာဆင်နယ် အသင်းအပေါ် ဂန္တ၀င် ဘောလုံးသမား တစ်ဦး၏ အမြင်

   အာဆင်နယ် ဂန္တ၀င် ကစားသမားကြီး အီယန်ရိုက်သည် လက်ရှိ ကြုံတွေ့နေရသည့် အာဆင်နယ် အသင်း၏ အခက်အခဲများ အပေါ် ၎င်း၏ အမြင်အချို့ကို သုံးသပ် တင်ပြ ထားပါသည်။
   အာဆင်နယ် အသင်းသည် ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲတွင် ဗိုလ်စွဲရန် အခွင့်အလမ်း နည်းပါးနေပြီ ဖြစ်သည်။ လာမည့် မတ်လ ၉ ရက်နေ့သည် အာဆင်နယ် အသင်းအတွက် အဆုံးအဖြတ်ပေးမည့် နေ့တစ်နေ့ ဖြစ်လာမည် ဖြစ်သည်။ ယင်းနေ့တွင် အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ် ပထမအကျော့ ပွဲစဉ် အဖြစ် ပေါ်တို အသင်းကို အိမ်ကွင်း၌ လက်ခံ ကစားရမည် ဖြစ်သည်။
   အကယ်၍ အာဆင်နယ်အသင်းသည် ချန်ပီယံလိဂ် ပြိုင်ပွဲမှ ထွက်ရပြီဆိုပါက နည်းပြ အာစင်ဝင်းဂါးအပေါ်တွင် သာမက ကလပ် ဘုတ်အဖွဲ့အပေါ်သို့ပါ ဖိအားများ ၀င်ရောက်လာနိုင်သည်။
    ပေါ်တိုအသင်း၏ ကင်းထောက်များသည် အာဆင်နယ်အသင်း၏ နောက်ဆုံး ပွဲစဉ်အချို့ကို လာရောက် ကြည့်ရှု ကြမည်မှာ ဧကန်မလွဲဟု ကျွန်တော် ယူဆသည်။ 
    အာဆင်နယ်အသင်း၏ ရလဒ်ဆိုး စတင်ခဲ့သည့်ပွဲစဉ်မှာ စတုတ်စီးတီးအသင်းအား ၃ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည့် FA ဖလားပွဲစဉ်ဖြစ်သည်။ ယင်းနောက်ပိုင်းတွင် ပရီးမီးယားလိဂ် ထိပ်သီး ၄ သင်းစာရင်းဝင် အသင်းတွေဖြစ်သည့် ဗီလာ အသင်းကို သရေကျပြီး မန်ယူနှင့် ချဲလ်ဆီးအသင်းတို့ကို ဆက်တိုက် ရှုံးနိမ့်ထားခဲ့ရသည်။
    အာဆင်နယ်အသင်းသည် ယခုရာသီတွင် ထိပ်သီးနှစ်သင်းဖြစ်သည့် ချဲလ်ဆီးနှင့် မန်ယူအသင်းတို့အား အိမ်ကွင်း၊ အဝေးကွင်း ၂ ကျော့စလုံးတွင် ရှုံးနိမ့်ထားသည်ကို တွေ့ရသည်။ အဆိုပါ ၄ ပွဲစလုံးတွင် ၂ ဂိုးသာ သွင်းနိုင်ပြီး၊ ၁၀ ဂိုးတိတိ အသွင်းခံခဲ့ရသည်။ ဤအချင်းအရာကို ကြည့်ခြင်းအားဖြင့် အာဆင်နယ် အသင်းသည် ဘက်စုံ အားနည်း နေသည်ကို ပြသနေခြင်း ဖြစ်သည်။
   လက်ရှိ အာဆင်နယ် ကစားသမားထဲတွင် တောင့်တင်းပြီး အတွေ့အကြုံရှိ ကစားသမားများ မရှိပေ။ ၀င်းဂါး လိုအပ် နေသည်မှာ ဂိုးသမားသစ် တစ်ဦး အလားတူ တိုက်စစ်မှူး .... ကွင်းလယ်နှင့် ဗဟိုနောက်ခံလူ တစ်ဦးစီဖြစ်သည်။ နောက်ခံလူဟောင်း ဆိုးလ်ကမ်းဘဲလ်ကို ခေါ်ယူခဲ့သော်လည်း ၀င်းဂါးသည် ဆိုးကမ်းဘဲလ်ကို လူငယ် တစ်ဦးအသွင် ရှုမြင်ထားပုံရသည်။ ရှုံးပွဲမရှိဆိုသည့် အသင်း၏ နေရက်များ ကုန်ဆုံးသွားသည်မှာ ကြာခဲ့ပြီဖြစ်သည်။ ပြီးခဲ့သည့် တနင်္ဂနွေနေ့မှာ ကျွန်တော်တွေ့ခဲ့သည်က အာဆင်နယ်အသင်းမှာ ဒရော့ဘာကဲ့သို့သော ကစားသမားမျိုးကို ထိန်းချုပ် နိုင်သည့် ကစားသမား မရှိခြင်းဖြစ်သည်။
    တိုက်စစ်မှူး ရော်ဘင်ဗန်ပါစီ ဒဏ်ရာ ရနေသည်မှာ မှန်သော်လည်း၊ ဗဟို တိုက်စစ်မှူး ကောင်းတစ်ယောက်တော့ လိုနေပြီဟု ထင်သည်။ တနင်္ဂနွေနေ့ပွဲက ယင်းအချက်ကို သက်သေပြသွားခဲ့သည်။
   ဒရော့ဘာအနေနှင့်လည်း ယခုရာသီတွင် အာဆင်နယ်အသင်းနှင့် တွေ့ဆုံတိုင်း ခြေစွမ်းပြဂိုးသွင်းနိုင်သည်ကို တွေ့ရ သည်။
   အဓိက ပြဿနာသည် ၀င်းဂါးကို ငွေကြေးသုံးစွဲရန် မည်မျှ ပေးအပ်ထားသည် ဆိုခြင်းဖြစ်သည်။ အာဆင်နယ်အသင်း ဘုတ်အဖွဲ့သည်လည်း ၀င်းဂါးကို ငွေကြေးသုံးစွဲနိုင်ရန်ခွင့်ပြုထားသည်ဟု စဉ်ဆက်မပြတ်ပြောဆိုနေသည်။ သို့သော် မည်၍မည်မျှ သုံးစွဲခွင့် ပြုထားသည်ကိုမူ ကျွန်တော်တို့ သိခွင့်မရပေ။
    အာဆင်နယ်အသင်းသည် ပို့စ်မောက် အသင်းကဲ့သို့သော အခြေအနေမျိုး ရောက်ရှိရန် ဆန္ဒမရှိသလို၊ မန်ယူ အသင်း၏ အခြေအနေမျိုး ပိုင်ဆိုင်ရန် ဆန္ဒရှိပုံ မပေါ်ဟု ကျွန်တော် ခံစားမိပါသည်။

 
More Article

ť

ရာသီသစ် ချန်ပီယံလိဂ်ကို လေ့လာခြင်း အပိုင်း (၁)

ť

Fair Play အပေါ်သူတို့အမြင် (ပထမပိုင်း)

ť

ပန်းမ၀င်ခင် တက်မထောင်ဘူးဆိုတဲ့ ကိုးရီးယား ဂုဏ်ဆောင် ဟောင်အန်အာ

ť

ယူရိုပါလိဂ် အကြို ရင်ခုန်သံများ (ဒုတိယပိုင်း)

ť

ယူရိုပါလိဂ် အကြို ရင်ခုန်သံများ (ပထမပိုင်း)

ť

ပရီးမီးယား ပွဲစဉ် ၂ နှင့် ၃ ကို ပြန်လည် ခံစားခြင်း

ť

ရင်ခုန်မှုများနှင့် လာလီဂါ

ť

နည်းပြ ယိုစိမ့်မှု ကြုံတွေ့နေရတဲ့ အီတလီရဲ့ စီးရီးအေ

ť

မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ခရီး

ť

ပရီးမီးယားပွဲစဉ် (၁) ကို ပြန်လည်ခံစားခြင်း