>> ရိန်းဂျားနှင့် ဆဲလ်တစ် အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြောင်းမည် မဟုတ်   >> မိမိ၏ လက်ရွေးစင်ဘ၀ အနာဂတ် မသေချာဟု ဆိုတဲ့ တီဗက်ဇ်   >> မန်ယူနှင့် ချန်ပီယံလိဂ် ပွဲအတွက် ရိန်းဂျုားကွင်းလယ်လူ စိတ်လှုပ်ရှားနေ   >> အင်္ဂလန် ကပ္ပတိန် ရာထူးကို ဖာဒီနန် မျှော်လင့်ဆဲဖြစ်နေ   >> ဘာလိုတယ်လီ ၆ ပတ် နားရမည်    >> ဝေါးလ်ကော့၏ ခြေချင်းဝတ် ဒဏ်ရာကို အာဆင်နယ် စစ်ဆေးမည်   >> ယူရို ၂၀၁၂ အပြီးတွင် ရာထူးမှ နုတ်ထွက်မည်ဟု ကာပယ်လို ပြောဆို   >> ကာကာကို ချဉ်းကပ်နေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အင်တာ ငြင်းဆို   >> ဒတ်ခ်ျ FA နှင့် ဘိုင်ယန်မြူးနစ် အကြား အငြင်းပွားမှု ဘလတ္တာ ၀င်စွက်   >> အဲဗာတန် ပရိသတ်များ၏ လှောင်ပြောင်မှုကို ရွန်းနေ ခံရဖွယ်ရှိ   >> နိုင်ငံတကာပွဲစဉ် ဇယားများကို ပြန်လည်သုံးသပ်ရန် ဖီဖာကို ကလပ်အသင်းများ တောင်းဆို   >> လှုပ်လှုပ်ရှားရှား အာရှကျားများ   >> ဘူလ်ဂေးရီးယား နည်းပြ ရာထူးမှ နှုတ်ထွက်ပြီ   >> ဥရောပ ယူ-၂၁ ချန်ပီယံရှစ် Play-off ပွဲစဉ်များ မနက်ဖြန်တွင် မဲခွဲမည်   >> နိုင်ငံတော်သီချင်းအား လှောင်ပြောင်သော စကော့ ပရိသတ်များကို ဂျော့ခ်ျပိ ပေါက်ကွဲနေ  
 

 
2010-09-09 10:13:47 Login Password
Bookmark and Share
အိုးလ်ထရက်ဖို့ဒ် နှစ် (၁၀၀) ပြည့်ပြီ

  ယနေ့သည် သမိုင်းဝင် အိုးလ်ထရက်ဖို့ဒ် ကွင်းကြီး၏ နှစ် (၁၀၀) ပြည့်သည့် နေ့ဖြစ်သည်။ ထို့ကြောင့် ရာစုနှစ် တစ်ခု အတွင်း ဖြစ်ပျက်ခဲ့သော သမိုင်းဝင် အဖြစ်အပျက် အချို့ကို ပြန်ပြောင်း အောက်မေ့ဘွယ် တင်ပြလိုက်ပါသည်။
   အိုးလ်ထရက်ဖို့ဒ် ကွင်းကြီး၏ သမိုင်းတွင် အရေးကြီးသော ဖြစ်ရပ်များထဲမှ ဖြစ်ရပ် ၁၀ ရပ် ကို ကောက်နုတ် ဖော်ပြပါ မည်။
   ၁၉၁၀ ဖေဖော်ဝါရီ ၁၉ - နယူးတန်ဟဲလ်သ်ဟု လူသိများခဲ့သော မန်ယူအသင်းသည် နောသ်ရုဒ်မှ ယခုလက်ရှိ အိုးလ်ထရက်ဖို့ဒ်သို့ ပြောင်းရွှေ့ခဲ့ပြီး ပရိသတ် ၈ သောင်းဆန့် ကွင်းကြီးကို ပေါင် ၆ သောင်း အကုန်အကျခံကာ ဆောက်လုပ်ခဲ့သည်။ အိုးလ်ထရက်ဖို့ဒ် ကွင်းကြီး အဖွင့်ပွဲစဉ်တွင် မန်ယူအသင်း သည် လီဗာပူး အသင်းကို ၃-၄ ဂိုးဖြင့် ရှုံးနိမ့်ခဲ့သည်။
   ၁၉၃၉ မတ် ၂၅ - အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးတွင် ကျင်းပသည့် ၀ုလ်ဖ်နှင့် ဂရင်စဘီအသင်းတို့၏ FA ဖလား ဆီမီးဖိုင်နယ် ပွဲစဉ်သို့ ပရိသတ် အများဆုံး လာရောက် ကြည့်ရှုခဲ့ပြီး၊ ပရိသတ် စုစုပေါင်း ၇၆၉၆၂ ယောက်ကြည့်ရှုခဲ့သည်။ ယင်းစံချိန်သည် ထိုစဉ်က အိုးလ်ထရက်ဖို့ဒ် ကွင်းကြီးသို့ အများဆုံး ၀င်ရောက်ကြည့်ရှုသည့် ပရိသတ် စံချိန်ဖြစ်လာခဲ့သည်။
   ၁၉၄၁ မတ် ၁၁-  အိုးလ်ထရက်ဖို့ဒ်ကွင်းကြီးသည် ဂျာမနီ နာဇီတို့၏ လေကြောင်း မှ တိုက်ခိုက်မှုကို အကြီးအကျယ် ခံခဲ့ရသည်။ ၁၉၄၉ ခုနှစ်တိုင် ကွင်းကြီးအား ပြန်လည် ဖွင့်လှစ်နိုင်ခြင်း မရှိခဲ့သည့်အတွက် မန်ယူ အသင်းသည် မိန်းရုတ်ဒ်သို့ ယာယီ ပြောင်းရွှေ့ခဲ့ရသည်။
   ၁၉၅၃ ဧပြီ ၄ - အသက် ၁၆ နှစ် အရွယ် ကစားသမားလေး ဒွန်ကန်အက်ဒွပ် မန်ယူအသင်းသို့ ရောက်ရှိလာခဲ့သည်။ အက်ဒွပ်သည် မန်ယူအသင်း၏ အကောင်းဆုံး ဘောလုံးသမား ဖြစ်ခဲ့သည်ဟု ဆာဘော်ဘီချာလ်တန်က ၀န်ခံ ပြောဆိုသည်။ သို့သော် မြူးနစ် လေယာဉ်ပျက်ကျမှုတွင် အခြားသော မန်ယူ ကစားသမားနှင့် အတူ အက်ဒွပ် သေဆုံးခဲ့ သည်။
   ၁၉၈၄  မတ် ၂၁ - ထိုအချိန်က လျှမ်းလျှမ်းတောက် ကျော်ကြားနေသည့် ကမ္ဘာကျော် ဘောလုံးသမား ဒီဂိုမာရာဒိုနာ ပါဝင်သည့် ဘာစီလိုနာ အသင်းကို ဘရိုင်ယန် ရောဘ်ဆင်၏ ခြေစွမ်းပြ ကစားနိုင်မှုနှင့် အတူ မန်ယူအသင်းက ၃ ဂိုး မရှိဖြင့် အိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်တွင် အနိုင်ယူခဲ့သည်။ ပထမအကျော့ အဝေးကွင်းတွင် ဘာစီလိုနာအသင်းက ၂းဝ ဖြင့် အနိုင်ရ ထားခဲ့သည်။
   ၁၉၉၃ မေ ၃ - ၂၆ နှစ်ကြာ စောင့်ဆိုင်းခဲ့ရသည့် ချန်ပီယံဆု ဆွတ်ခူးခဲ့သည်။ အင်္ဂလန် ပထမတန်း ပွဲများကို ပရီးမီးယားလိဂ်ဟု ပြောင်းလဲပြီး နောက်ပိုင်း ပထမဆုံး အကြိမ် ပရီးမီးယားလိဂ် ဖလားကို ဗိုလ်စွဲခဲ့ခြင်း ဖြစ်သည်။ ထိုနေ့က မန်ယူ အသင်းသည် ဘလက်ဘန်းကို ၃ ဂိုး ၁ ဂိုးဖြင့် အနိုင်ရခဲ့သည်။
   ၁၉၉၃ အောက်တိုဘာ ၉ - ဗြိတိန် လက်ဝှေ့ သမိုင်းတွင် အမှတ်ရစရာ တစ်ခုဖြစ်လာမည့် ခရစ်အူဘန့်စ်နှင့် နီကယ်ဘန်းတို့၏ စူပါမစ်ဒယ်ဝိတ်တန်း သရဖူလုပွဲကို အိုးလ်ထရက်ဖို့ဒ်တွင် ကျင်းပခဲ့သည်။ ယင်းပွဲစဉ်မှာ အနိုင်၊ အရှုံး အဖြေမပေါ်ပဲ သရေကျခဲ့သည်။
   ၂၀၀၁ အောက်တိုဘာ ၆ - ၀င်ဘလေကွင်းကြီးအား ပြန်လည်ပြုပြင်ရန်အတွက် ပိတ်ပင်ထားသောကြောင့် အင်္ဂလန်လက်ရွေးစင် အသင်းအနေဖြင့် အိုးလ်ထရက်ဖို့ဒ် အပါအ၀င် ကွင်းအတော်များများတွင် ကစားခဲ့ရသည်။ အိုးလ်ထရက်ဖို့ဒ် အမှတ်တရ ပွဲစဉ် တစ်ခုမှာ ၂၀၀၂ ကမ္ဘာ့ဖလား ခြေစစ်ပွဲဖြစ်သည့် အင်္ဂလန်နှင့် ဂရိအသင်းတို့၏ ပွဲစဉ်ဖြစ် သည်။ ယင်းပွဲစဉ်၏ ပွဲအပြီး နာကျင်ချိန်တွင် ဒေးဗစ်ဘက်ခမ်း သွင်းယူခဲ့သော ဖရီးကစ်နှင့် အင်္ဂလန်အသင်း ခြေစစ်ပွဲ အောင်မြင်ခဲ့သည်။
   ၂၀၀၄ စက်တင်ဘာ ၂၈ - မန်ယူ တိုက်စစ်မှူးလေး ရွန်းနေသည် မန်ယူအသင်းအတွက် ပထမဦးဆုံးအကြိမ် ၀င်ရောက် ကစားခဲ့ပြီး ၎င်း၏ ပွဲဦးထွက်ပွဲစဉ်မှာပင် တူရကီကလပ် ဖီနာဘာချီ အသင်းဘက်သို့ ဟတ်ထရစ် သွင်းယူ လိုက်သည်။
    ၂၀၀၈ ဖေဖော်ဝါရီ ၆ - မြူးနစ် လေယာဉ်ပျက်ကျမှု နှစ် ၅၀ ပြည့် အထိမ်းအမှတ်အဖြစ် မြို့ခံပြိုင်ဘက်  ၂ သင်းကစားခဲ့ကြသည်။ ယင်းပွဲတွင် မန်စီးတီး အသင်းက မန်ယူကို ၂း၁ ဖြင့် အနိုင်ရသွားခဲ့သည်။

 
More Article

ť

ရာသီသစ် ချန်ပီယံလိဂ်ကို လေ့လာခြင်း အပိုင်း (၁)

ť

Fair Play အပေါ်သူတို့အမြင် (ပထမပိုင်း)

ť

ပန်းမ၀င်ခင် တက်မထောင်ဘူးဆိုတဲ့ ကိုးရီးယား ဂုဏ်ဆောင် ဟောင်အန်အာ

ť

ယူရိုပါလိဂ် အကြို ရင်ခုန်သံများ (ဒုတိယပိုင်း)

ť

ယူရိုပါလိဂ် အကြို ရင်ခုန်သံများ (ပထမပိုင်း)

ť

ပရီးမီးယား ပွဲစဉ် ၂ နှင့် ၃ ကို ပြန်လည် ခံစားခြင်း

ť

ရင်ခုန်မှုများနှင့် လာလီဂါ

ť

နည်းပြ ယိုစိမ့်မှု ကြုံတွေ့နေရတဲ့ အီတလီရဲ့ စီးရီးအေ

ť

မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ခရီး

ť

ပရီးမီးယားပွဲစဉ် (၁) ကို ပြန်လည်ခံစားခြင်း