>> ရိန်းဂျားနှင့် ဆဲလ်တစ် အင်္ဂလန် ပရီးမီးယားလိဂ်သို့ ပြောင်းမည် မဟုတ်   >> မိမိ၏ လက်ရွေးစင်ဘ၀ အနာဂတ် မသေချာဟု ဆိုတဲ့ တီဗက်ဇ်   >> မန်ယူနှင့် ချန်ပီယံလိဂ် ပွဲအတွက် ရိန်းဂျုားကွင်းလယ်လူ စိတ်လှုပ်ရှားနေ   >> အင်္ဂလန် ကပ္ပတိန် ရာထူးကို ဖာဒီနန် မျှော်လင့်ဆဲဖြစ်နေ   >> ဘာလိုတယ်လီ ၆ ပတ် နားရမည်    >> ဝေါးလ်ကော့၏ ခြေချင်းဝတ် ဒဏ်ရာကို အာဆင်နယ် စစ်ဆေးမည်   >> ယူရို ၂၀၁၂ အပြီးတွင် ရာထူးမှ နုတ်ထွက်မည်ဟု ကာပယ်လို ပြောဆို   >> ကာကာကို ချဉ်းကပ်နေသည့် သတင်းမှာ မဟုတ်မှန်ကြောင်း အင်တာ ငြင်းဆို   >> ဒတ်ခ်ျ FA နှင့် ဘိုင်ယန်မြူးနစ် အကြား အငြင်းပွားမှု ဘလတ္တာ ၀င်စွက်   >> အဲဗာတန် ပရိသတ်များ၏ လှောင်ပြောင်မှုကို ရွန်းနေ ခံရဖွယ်ရှိ   >> နိုင်ငံတကာပွဲစဉ် ဇယားများကို ပြန်လည်သုံးသပ်ရန် ဖီဖာကို ကလပ်အသင်းများ တောင်းဆို   >> လှုပ်လှုပ်ရှားရှား အာရှကျားများ   >> ဘူလ်ဂေးရီးယား နည်းပြ ရာထူးမှ နှုတ်ထွက်ပြီ   >> ဥရောပ ယူ-၂၁ ချန်ပီယံရှစ် Play-off ပွဲစဉ်များ မနက်ဖြန်တွင် မဲခွဲမည်   >> နိုင်ငံတော်သီချင်းအား လှောင်ပြောင်သော စကော့ ပရိသတ်များကို ဂျော့ခ်ျပိ ပေါက်ကွဲနေ  
2010-09-09 10:34:36 Login Password
Bookmark and Share
သူတို့ဘ၀ သူတို့လောက
  အင်္ဂလန် လက်ရွေးစင် အသင်းမှ လက်ရှိ ထင်ပေါ် ကျော်ကြား နေသည့် ကစားသမားများနှင့် စပ်လျဉ်းသည့် ကြွယ်ဝ ချမ်းသာ မှုများ အပြင် အခြားသော သတင်းအချက်အလက် များကို စုစည်း တင်ပြလိုက်ရပါသည်။
 ဒေးဗစ်ဘက်ခမ်း
   ၅ နှစ်ကျော် ကာလ အတွင်းတွင် လုပ်ခ၀င်ငွေ စုစုပေါင်း ပေါင် ၁၆၈.၅ သန်း ကျော်ရရှိထားသည့် အင်္ဂလန် ကွင်းလယ်လူ ဘက်ခမ်းမှာ ပေါင် ၁၂၅ သန်းခန့် ကြွယ်ဝ ချမ်းသာသူဖြစ်သည်။
   အဆိုပါ ကစားသမားမှာ နောက်ဆုံးပေါ် မော်တော်ကားများ ဖြစ်သည့် ကာဒစ်လက်၊ ပိုရှေး ၉၁၁၊ ရွိုင်းစီ၊ ရိန့်ရိုဗာနှင့် ရန်ကလာစသည့် တန်ဖိုးကြီး ယာဉ်များအား စုစုပေါင်း အစီး ၄၀ ခန့် ပိုင်ဆိုင်ထားသူဖြစ်သည်။ ဘက်ခမ်းမှာ ပြီးခဲ့သည့် ၁၉၉၉ ခုနှစ်က ဆောဘရိုက်ဝက် ဒေသတွင်ရှိနေစဉ် ဘက်ကင်ဟန်နန်းတော်ကို ပေါင် ၂.၅ သန်းဖြင့် ၀ယ်ယူခဲ့ပြီး ၂၀၀၂ ခုနှစ်တွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ရှိ ကမ်းနားပိုင်း နေအိမ်တစ်လုံးကို ထပ်မံ ၀ယ်ယူခဲ့သည်။
   မီဒီယာများ၏ ဖော်ပြချက်အရ ဘက်ခမ်းမှာ ဒူဘိုင်းမြို့ရှိ ယင်းအိမ်ကို ယခင်က ပေါင် ၈ သိန်းဖြင့် ၀ယ်ယူခဲ့ခြင်းဖြစ်ပြီး ယခုအခါတွင် ၎င်း နေအိမ်မှာ ကာလပေါက်ဈေးအားဖြင့် ပေါင် ၈ သန်းတန်ကြေးရှိနေပြီဖြစ်ကြောင်း သိရသည်။
   အမေရိကန် မေဂျာလိဂ် ကလပ် LA ဂလက်ဇီအသင်းနှင့် စာချုပ်ချုပ်လိုက်သည့် အချိန်တွင် ဘေဘလီဟေးလ်ဒေသမှ ဘက်ခမ်း၏ ပိုင်ဆိုင်မှုများမှာ ပေါင် ၁၅ သန်း ပမာဏသို့ မြင့်တက်သွားခဲ့သည်။
   ဘက်ခမ်းမှာ နာမည်ကျော် တေးဂီတ အဖွဲ့တစ်ခုဖြစ်သည့် စပိုက်ဂဲလ်မှ အဖွဲ့ဝင် မိန်းကလေး ဖြစ်သူ ဗစ်တိုးရီးယားနှင့် လက်ထပ်ခဲ့ကာ ယနေ့ ကမ္ဘာပေါ်တွင် ရှုထောင့် အမျိုးမျိုးမှ လူအများ အထင်ကြီး လေးစားမှုရနေသည့်  စံပြ စုံတွဲအဖြစ် လူပုံအလယ်တွင် ထည်ဝါစွာ ရပ်တည်နေကြသည်။
 ဂျာမိန်း ဒီဖိုး
   အင်္ဂလန်နှင့် စပါး အသင်းမှ တိုက်စစ်မှူး ဂျာမိန်း ဒီဖိုးမှာ တစ်ပတ် လုပ်ခ ပေါင် ၆ သောင်း ပုံမှန်ရရှိနေပြီး ငွေကြေး ပမာဏ စုစုပေါင်း ပေါင် ၆.၅ သန်း ခန့် ချမ်းသာကြွယ်ဝသူဖြစ်သည်။
   ဒီဖိုးမှာ လက်ရှိတွင် စည်းကမ်းမဲ့စွာ ယာဉ်မောင်းနှင်မှုကြောင့် လိုင်စင် ပိတ်ခံထားရသူဖြစ်ပြီး မီဒီယာများ၏ ဖော်ပြချက် အရ သူ့တွင် ရိန့်ရိုဗာ ပြိုင်ကား၊ အက်စတန်မာ V8 အပြင် အက်စ်တန်မာတင် DB9 စသည့် အရည်အသွေး ပြည့်မီသည့် ကားကောင်းများစွာ ပိုင်ဆိုင်ကြောင်း သိရသည်။ ဒီဖိုးမှာ ဟတ်ဖို့ဒ်ရှိုင်းယား ဒေသရှိ ပေါင် ၃ သန်းတန် နေအိမ်တွင် တစ်ကိုယ်တည်း နေထိုင်ပြီး လူပျိုလူလွတ် အိမ်ထောင်မရှိသူဖြစ်သည်။ သို့သော် ဒီဖိုးမှာ အင်္ဂလန် နာမည်ကြီး WAGs များဖြစ်သည့် ဒန်နယ်လီလွိုက်ဒ်၊ အီမိုဂန်သောမက်စ်၊ ချန်တန်လီ ဟော့တန်၊ ချာလိုတီမီယာစ်စသည့် မိန်းကလေးများနှင့် ပွေရှုပ်ထားခဲ့ဖူးသူ ဖြစ်သည်။
   အာဆင်နယ်နှင့် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး သီယိုဝါးလ်ကော့မှာ တစ်ပတ်လုပ်အားခ ပေါင် ၆ သောင်းခန့် ပုံမှန်ဝင်ငွေရှိနေသည့် ကစားသမား တစ်ဦးဖြစ်ပြီး ပေါင် ၅ သန်း ခန့် ချမ်းသာသူဖြစ်သည်။ အဆိုပါ တိုက်စစ်မှူးတွင် ငွေရောင်အက်စတန်မာတင်ကား ၁ စီး၊ အောဒစ်ကား ၂ စီး၊ အပြင် VW ဂေါက်ကားတစ်စီးရှိကြောင်း သိရသည်။
   အင်္ဂလန်သား ၀ါးလ်ကော့မှာ ဟီမဲလ်စတက်ဒ် ဒေသရှိ ပေါင် ၃ သန်းတန် အိပ်ခန်း ၅ ခန်းပါ နေအိမ်တွင် မိဘများနှင့် အတူ နေထိုင်ပြီး ချစ်သူ ရည်းစား ဟူ၍ လန်ဒန်မြို့ တက္ကသိုလ်တွင် ပညာ သင်ယူနေသည့် မိန်းကလေး မဲလ်နီဆလိတ်ဒ် တစ်ဦး တည်းသာ ရှိသူဖြစ်သည်။
ရွန်းနေ
   မန်ယူအသင်းတွင် အားကိုးရသလို အင်္ဂလန် လက်ရွေးစင်အသင်းအတွက် အားထားရသည့် တိုက်စစ်မှူး ရွန်းနေမှာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ပုံမှန်ရနေပြီး ပေါင် ၃၇ သန်း ကြွယ်ဝချမ်းသာသူဖြစ်သည်။ အက်စတန်မာတင်ဗန်ကွတ်ရှ်၊ BMW M3 ၊ မီနီ GP၊ ဖရော့်ကာ၊ မာစီဒီး CLK၊ လန်ဘရော်ဟီနီ၊ ကာဒစ်လက်နှင့် ပိုရှေး စသည့် ကားပေါင်း ၁၉ စီးကို ၆ နှစ်အတွင်း ပိုင်ဆိုင်ထားသူလည်း  ဖြစ်သည်။ ရွန်းနေတွင် ဘာဘဒို့စ် ဒေသရှိ ပေါင် ၅ သန်းတန် အိမ်တစ်လုံး အပြင် ပေါင် ၃ သိန်း ၂ သောင်းတန် အိမ်တစ်လုံး ရှိပြီး လက်ရှိတွင် အဆိုပါ တိုက်စစ်မှူး အနေဖြင့် ပေါင် ၄.၅ သန်းတန် ချက်ရှိုင်းယား ဒေသရှိ နေအိမ်တွင် နေထိုင်လျှက်ရှိသည်။ ရွန်းနေမှာ နှစ်ကာလ ရှည်ကြာစွာချစ်သူ အဖြစ် နေထိုင်လာခဲ့သည့် ငယ်ချစ်ဦး ဖြစ်သူ ကောလင်းနှင့် မကြာသေးသည့် နှစ်အနည်းငယ်က လက်ထပ်ခဲ့ပြီး ယခုတွင် သူတို့၏ သားဖြစ်သူ ဂျုနီယာ ရွန်းနေကို မွေးဖွားကာ ပျော်ရွှင်သာယာသော ဘ၀ကို ခံစားနေသူဖြစ်သည်။
ဖာဒီနန်
   အင်္ဂလန်အသင်း အတွက် အားကိုးနေရသည့် ခံစစ်မှူး ဖာဒီနန်မှာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၁ သောင်း ၀င်ငွေရှိသူဖြစ်ပြီး ပေါင် ၂၈ သန်းခန့် ကြွယ်ဝချမ်းသာသူဖြစ်သည်။ လက်ရှိတွင် အဆိုပါ ခံစစ်မှူးမှာ အက်စတန်မာတင် ဗန်ကွက်ရှ်ကား ၂ စီးအပြင်၊ ဘန်တလေ  ကွန်တီနယ် GT၊ ဘန်တလေ အာနန့်ရှ်နှင့် ဖရော့ဒ် F 150 ပစ်ကပ်ကုန်ကား ၁ စီးနှင့် ပိုရှေးအမှတ်တံဆိပ် စသည့် နာမည်ကြီးကားများစွာ ပိုင်ဆိုင်သူဖြစ်သည်။ ဖာဒီနန်မှာ ချက်ရှိုင်းယား ဒေသတွင် အိမ်တစ်လုံးနှင့် ဘာဘဒို့စ် ဒေသတွင် မိုနာကို စတိုင်အိမ် ၇ လုံးနှင့် ရိုးရိုးအိမ် ၁ လုံးတို့ကို ပေါင်းစပ်ဖွဲ့စည်းထားသည့် ခန်းနားသည့် လုံးချင်းအိမ်ကြီးတစ်ခု အပြင် လန်ဒန်ရှိ Penth House တစ်ခုကိုလည်း ပိုင်ဆိုင် ထားသူဖြစ်သည်။
   အဆိုပါ ခံစစ်မှူးမှာ လက်ရှိတွင် အင်္ဂလန်နိုင်ငံမှ အကျော်ကြားဆုံး WAGs များစာရင်းမှ တစ်ဦးဖြစ်သည့် ရေဗက္ကာအဲလ်လီစင်၏ ခင်ပွန်းလည်းဖြစ်သည်။
 အက်ရှ်လေကိုးလ်
  အင်္ဂလန်အသင်းမှ နောက်ခံလူ အက်ရှ်လေကိုးလ်မှာ ပုံမှန်အားဖြင့် တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ပုံမှန်ဝင်ငွေရှိနေပြီး ပေါင် ၁၃ သန်း ခန့် ချမ်းသာကြွယ်ဝသူဖြစ်သည်။ အဆိုပါ ခံစစ်မှူးမှာ အနက်ရောင် အက်စတန် မာတင် DBSV 12 အပါအ၀င် နောက်ဆုံး ပေါ်ကားများ ပိုင်ဆိုင်ထားသူဖြစ်သည်။ ချဲလ်ဆီး ခံစစ်မှူး အက်ရှ်လေကိုးလ်မှာ ကုတ်ဘ့်ဟမ် ဒေသတွင် ပေါင် ၅ သန်းတန် နောက်ဆုံးပေး ခေတ်မီအိမ်ကြီး ၁ လုံး အပြင် မိုရိုကိုတွင်လည်း ဆန်းပြားသည့် အိမ် ၁လုံးကို ပိုင်ဆိုင် ထားသူဖြစ်သည်။ အက်ရှ်လေကိုးလ်မှာ လက်ရှိတွင် ဇနီးသည် ချယ်ရီကိုးလ်နှင့် သဘောထား မတိုက်ဆိုင် တော့သည့် အကြောင်းအရာ များကြောင့် ကွာရှင်းပြီး သူဖြစ်သည်။
 ဖရန့် လမ်းပတ်
   အင်္ဂလန် ကွင်းလယ်လူ ဖရန့်လမ်းပတ်မှာ တစ်ပတ်လုပ်အားခ ပေါင် ၁ သိန်း ၄ သောင်း ၀င်ငွေရှိနေသူဖြစ်ပြီး ပေါင်သန်း ၂၀ ခန့် ပိုင်ဆိုင်ကြွယ်ဝသူဖြစ်သည်။ အဆိုပါ ကစားသမားမှာ Audi အနက်ရောင်ကားအပြင် ရိန့်ရိုဗာ၊ မာစီဒီး စသည့် ခေတ်မီ မော်တော်ကားများ ပိုင်ဆိုင်သူဖြစ်သည်။ လမ်းပတ်မှာ လန်ဒန်မြို့တွင် ပေါင် ၈.၅ သန်းတန် အိမ်ကြီးတစ်လုံးကို ပိုင်ဆိုင်ထားသော်လည်း ဇနီးသည် အလန်ရိဗ်နှင့် ကွဲနေပြီး ဘီကလေဆိုသော မိန်းကလေးနှင့် တွဲခုတ်နေသူဖြစ်သည်။
ဂျိုကိုးလ်
   အင်္ဂလန်ကွင်းလယ်လူ ဂျိုကိုးလ်မှာ တစ်ပတ်လုပ်ခပေါင် ၈ သောင်းဝင်ငွေရှိသူဖြစ်ပြီး ပေါင် ၁၁ သန်းခန့် ချမ်းသာကြွယ်ဝသူဖြစ်သည်။ အဆိုပါ ချဲလ်ဆီး ကွင်းလယ်လူမှာ အနက်ရောင် ဖာရာရီ၊ ရိန့်ရိုဗာနှင့် မာစီဒီးစသည့် ကားကောင်းများစွာ ပိုင်ဆိုင်သူဖြစ်သည်။
   ဂျိုကိုးလ်မှာ ဇနီးသည် အလန်ဇူကာ၏ ဆန္ဒအရ ချဲလ်ဆီးမြို့ရှိနေအိမ်တွင် ပြောင်းရွှေ့နေထိုင်သူဖြစ်ပြီး ယူအေအီးနိုင်ငံရှိ အိမ်တစ်လုံးအပါအ၀င် နိုင်ငံရပ်ခြားတွင် အခြားသော ပိုင်ဆိုင်မှု များစွာရှိထားသူဖြစ်သည်။ ဂျိုကိုးလ်၏ ဇနီးသည် အလန်ဇူကာမှာ ကိုယ်ကာယ အလှကြံ့ခိုင်ရေး မော်ဒယ်နည်းပြ တစ်ဦးဖြစ်သည်။
 ဂျရတ်
   ဂျရတ်မှာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၂ သောင်းခန့် ပုံမှန် ၀င်ငွေရနေပြီး ပေါင်သန်း ၂၀ ခန့် ကြွယ်ဝချမ်းသာသည့် အင်္ဂလန် ကစားသမား တစ်ဦးဖြစ်သည်။ အဆိုပါကွင်းလယ်လူတွင် ရိန့်ရိုဗာ၊ ဘန်တလေစသည့် ကားကောင်းများစွာ ရှိထားသည်။
   လီဗာပူးမြို့ ဖရော်ဘီဒေသတွင် ဂျရတ်မှာ ပေါင် ၃ သန်းတန် အိမ်ကြီး တစ်လုံးကို ပိုင်ဆိုင် ထားသူဖြစ်ပြီး သူ၏ ဇနီးအမည်မှာ မော်ဒယ်နှင့် ဖက်ရှင် ဒီဇိုင်နာ အဲလက်စ်ကာရင်ဖြစ်သည်။
ဂျွန်တယ်ရီ
   ဂျွန်တယ်ရီမှာ တစ်ပတ်လုပ်ခ ပေါင် ၁ သိန်း ၅ သောင်းပုံမှန် ၀င်ငွေရှိနေပြီး ပေါင် ၁၈ သန်းခန့် ချမ်းသာကြွယ်ဝသည့် အင်္ဂလန် နောက်ခံလူ တစ်ဦးဖြစ်သည်။ အဆိုပါ ခံစစ်မှူးတွင် အက်စတန်မာတင်၊ ရိန့်ရိုဗာ၊ BMW နှင့် ပိုရှေးတာဘိုစသည့် ခေတ်မီသည့် ကားပေါင်းများစွာ ပိုင်ဆိုင်ထားကြောင်း သိရသည်။
   အော့ရှော့ဒေသတွင် ဂျွန်တယ်ရီမှာ ပေါင် ၂.၅ သန်းတန် အိမ် ၁ လုံးကို ပိုင်ဆိုင်ထားသူဖြစ်ပြီး သူ၏ ဇနီးအမည်မှာ တိုနီပိုလီဖြစ်သည်။
ပီတာခရော့ခ်ျ
  အင်္ဂလန်နှင့် စပါး တိုက်စစ်မှူး ပီတာခရော့ခ်ျမှာ တစ်ပတ်လုပ်ခ ပေါင် ၇ သောင်း ပုံမှန်ဝင်ငွေရှိနေပြီး ပေါင် ၅ သန်းခန့် ချမ်းသာသူဖြစ်သည်။ အဆိုပါ တိုက်စစ်မှူးမှာ ရိန့်ရိုဗာနှင့် ဘန်တလေစသည့် ကားကောင်းများစွာ ပိုင်ဆိုင်သူဖြစ်သည်။ ပီတာခရော့ခ်ျမှာ လက်ရှိတွင် ချစ်သူ မိန်းကလေးဖြစ်သူ မော်ဒယ် ကလန်စီနှင့် စေ့စပ်ထားသူဖြစ်သည်။
More Article
ရာသီသစ် ချန်ပီယံလိဂ်ကို လေ့လာခြင်း အပိုင်း (၁)
Fair Play အပေါ်သူတို့အမြင် (ပထမပိုင်း)
ပန်းမ၀င်ခင် တက်မထောင်ဘူးဆိုတဲ့ ကိုးရီးယား ဂုဏ်ဆောင် ဟောင်အန်အာ
ယူရိုပါလိဂ် အကြို ရင်ခုန်သံများ (ဒုတိယပိုင်း)
ယူရိုပါလိဂ် အကြို ရင်ခုန်သံများ (ပထမပိုင်း)
ပရီးမီးယား ပွဲစဉ် ၂ နှင့် ၃ ကို ပြန်လည် ခံစားခြင်း
ရင်ခုန်မှုများနှင့် လာလီဂါ
နည်းပြ ယိုစိမ့်မှု ကြုံတွေ့နေရတဲ့ အီတလီရဲ့ စီးရီးအေ
မန်ချက်စတာစီးတီးနဲ့ ပရီးမီးယားလိဂ်ခရီး
ပရီးမီးယားပွဲစဉ် (၁) ကို ပြန်လည်ခံစားခြင်း