ဗစ်တိုးရီးယား ဘက်ခမ်းဟာ ဟောလီဝုဒ် အကျော်အမော် တွေနဲ့အတူ အော်စကာ အကြို ပါတီပွဲ တစ်ခုကို တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။ ထူထဲလှတဲ့ သားမွေး ဂျာကင်ကြီးကို ခြုံပြီး သူမ အကြိုက် Louboutins ဒေါက်မြင့်ဖိနပ်ကို စီးကာ Beverly Hills မှာလုပ်ခဲ့တဲ့ အော်စကာ အကြို ပါတီပွဲ တစ်ခုကို တက်ရောက် ခဲ့တယ်လို့ သိရပါတယ်။ အသက် ၃၅ နှစ်အရွယ် ဗစ်တိုးရီးယား နဲ့အတူ အကြီးဆုံးသား ဖြစ်တဲ့ ဘရွတ်ကလင်း ပါ အဲဒီ ပါတီပွဲကို တက်ရောက် ခဲ့ပါတယ်။ အဲဒီ အော်စကာ အကြို ပါတီပွဲကို တက်ရောက် လာတဲ့ အနုပညာရှင် အကျော် အမော် အချို့ကတော့ အမေရိကန် မင်းသမီးကြီး ဂျိမ်းဖွန်ဒါ၊ အမေရိကန် ရုပ်သံ တင်ဆက်သူ အန်ဒါဆန် ကူးပါး၊ အမေရိကန် လူရွှင်တော် ဘီလ်မဟာ၊ အင်္ဂလိပ် မင်းသမီးကြီး ဂျိုအန် ကောလင်းစ်၊ အမျိုးသမီး သရုပ်ဆောင် ဒါရိုက်တာ အန်ဂျယ်လီကာ ဟောက်စ်တန် နဲ့ အမေရိကန် ဖက်ရှင် မော်ဒယ် နစ်ကီဟီလ်တန် စတဲ့ သူတွေ ဖြစ်ပါတယ်။ တစ်နေ့တည်းမှာပဲ ဗစ်တိုးရီးယားရဲ့ ပြိုင်ဘက် တစ်ဦး ဖြစ်တဲ့ ကေတီပရိုက်စ်ဟာ လင်တော်မောင် အဲလက်စ်ရိဒ် နဲ့ လော့စ်အိန်ဂျလိစ် မြို့The Ivy စားသောက်ဆိုင်မှာ ညစာ ထွက်စားခဲ့ကြတယ် လို့ သိရပါတယ်။ The Daily Star ထဲက သတင်း တစ်ပုဒ် အရ အင်္ဂလိပ်လူမျိုး တေးရေး တေးဆို တစ်ဦး ဖြစ်တဲ့ အယ်လ်တန်ဂျွန်ဟာ သူ့ရဲ့ အော်စကာည ညစာစားပွဲကို ဗစ်တိုးရီးယားဘက်ခမ်းနဲ့ သူမရဲ့ မဟာပြိုင်ဘက် ကေတီပရိုက်စ် တို့ နှစ်ဦးလုံးကို ဖိတ်ထား တယ်လို့ သိရပါတယ်။ ဗစ်တိုးရီးယားနဲ့ ပရိုက်စ်တို့ဟာ ပြိုင်ဘက်တွေ အဖြစ်နဲ့ လူသိများလှပါတယ်။ သူတို့နှစ်ယောက်ကြားမှာ မသင့်မြတ် မှုလေးတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ် ဖေဖော်ဝါရီလတုန်းက မော်ဒယ်ဟောင်း တစ်ဦးဖြစ်တဲ့ ပရိုက်စ်ဟာ ပါတီပွဲ တစ်ခုမှာ ဗစ်တိုးရီးယားကို မြင်လိုက်တော့ နှုတ်ဆက်ဖို့ ကြိုးစားတာကို ဗစ်တိုးရီးယားဟာ ပရိုက်စ်ကို အဖက်မတန်သလိုမျိုး ဥပေက္ခာ ပြုခဲ့ပါတယ် လို့ Daily Mirror က ဖော်ပြခဲ့ပါတယ်။ ၎င်းတို့ နှစ်ဦးဟာ ပေါ့ပ်အဆိုကျော် ဒိန်းဘောင်ဝါရဲ့ အရှိန်အ၀ါ မှေးမှိန်လာပြီးနောက်ပိုင်း ၂၀၀၀ ပြည့်နှစ်ကစပြီး ပြိုင်ဘက်တွေ ဖြစ်လာခဲ့ကြတာပါ။ ပေါ့ပ်အကျော်အမော် ဒိန်းဘောင်ဝါဟာ တစ်ချိန်က ကေတီပရိုက်စ် နဲ့ ဇာတ်လမ်းတွေ ရှိခဲ့ဖူးတယ်လို့ သိရကြောင်းပါ.....။ |