lastest News

ဘိုင်ယန်နှင့် ဟော်လန် ခြေစမ်းမည်

Print PDF
AddThis Social Bookmark Button

 

 

  ဘိုင်ယန် အသင်းသည် လာမည့် မေလ ၂၂ ရက်နေ့တွင် ဟော်လန်လက်ရွေးစင် အသင်းနှင့် ခြေစမ်းပွဲ ကစားမည်ဖြစ်သည်။ အဆိုပါ ခြေစမ်းပွဲနှင့် ပတ်သက်၍ ဂျာမနီနည်းပြ ဂျိုအာချင်လိုက ယင်းပွဲစဉ်သည် ယူရို ၂၀၁၂ မတိုင်ခင် ၎င်း၏အသင်းအတွက် ပြင်ဆင်မှုများကို အခက်တွေ့စေနိုင်ကြောင်း ပြောကြားခဲ့ဖူးသည်။ သို့သော်လည်း ဂျာမနီ ဘောလုံး အဖွဲ့ချုပ်၏ အနာဂတ် ဥက္ကဋ္ဌလောင်း ၀ုလ်ဖ်ဂန်နီယာဘတ်က ယင်းခြေစမ်းပွဲအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် သဘောတူညီမှု ရရှိရန် အတွက် ဆောင်ရွက်ခဲ့ကြပြီဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဘိုင်ယန်အသင်းမှာ အလွန်အမင်း အံ့အားသင့်ခဲ့ရပြီး ပွဲစဉ်ဖြစ်မြောက်ရန် အတွက် ဂျာမနီနှင့် ဟော်လန်ဘောလုံး အဖွဲ့ချုပ်တို့အပြင် UEFA တို့ကပါ ပူးပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။ နည်းပြ  ဂျိုအာချင်လိုသည် ယူရို ၂၀၁၂ အတွက် အသင်း၏ ပြင်ဆင်မှုများကို မေလ ၁၁ ရက်နေ့မှ စတင်ကာ ပြုလုပ်မည်ဖြစ်သည်။ သို့သော်လည်း ယင်းနေ့မှနောက် ၂ ရက်တွင် ဂျာမန်ပိုကယ်ဖလားဖိုင်နယ် ရှိနေ၍ အဆိုပါ ကာလ၌ ပြုလုပ်မည့် ဂျာမနီ အသင်း၏ လေ့ကျင့်ရေး ကွင်းသို့ ကစားသမားများ အစုံအလင် လာရောက် နိုင်ဖွယ် မရှိပေ။ သို့သော် ဟော်လန်အသင်းနှင့် ခြေစမ်းပွဲစဉ်တွင် ဘိုင်ယန်အသင်း၌ အဓိက ဂျာမနီ လက်ရွေးစင် ကစားသမား ၈ ဦး ခန့်ပါဝင်နေ၍ နည်းပြ ဂျိုအာချင်လိုမှာ အခက်ကြုံနေသည်။ ထို့အပြင် အဆိုပါ ခြေစမ်းပွဲစဉ်မှာ လွန်ခဲ့သည့် ၂၀၁၀ ကမ္ဘာ့ဖလားတွင် ဟော်လန် အသင်းနှင့် ဘိုင်ယန်အသင်းတို့ အကြားမှ တင်းမာမှု၏ နောက်ဆက်တွဲ ပွဲစဉ်ဖြစ်လာနိုင်သည်။