07 February 2012

ဘိုင်ယန်အသင်းသည် ယခုတစ်ပတ်အတွင်းတွင် ဘေဆယ်အသင်းမှ တိုက်စစ်မှူး ရှာကွာရီကို ခေါ်ယူနိုင်တော့မည် ဖြစ်သည်။ အဆိုပါ ကစားသမားအတွက် ကလပ်အသင်းနှစ်သင်းအကြား သဘောတူညီမှု ရရှိသည့် ပြောင်းရွှေ့ကြေး ပမာဏမှာ ယူရို ၉ သန်းဖြစ်ပြီး ကစားသမားများ၏ ခြေစွမ်းအပေါ် မူတည်၍ မြင့်တက်လာမည် ဖြစ်သည်။ ဆွစ်ဇာလန် မီဒီယာများက ဖော်ပြရာတွင် ရှာကွာရီမှာ လာမည့် ရာသီတွင် ဘိုင်ယန်အသင်းသို့ ရောက်ရှိပြီး အသင်းနှင့် ၂၀၁၆ ခုနှစ်အထိ စာချုပ် ချုပ်ဆိုမည်ဟု သိရသည်။ ဘိုင်ယန်အသင်းသည် ယခင်က မိုချန်ဂလတ်ဘတ် ကွင်းလယ်လူ မာကိုရုဇ်ကို ခေါ်ယူရန် ကြိုးပမ်းခဲ့သော်လည်း အဆိုပါကစားသမားမှာ လာမည့် ရာသီအတွက် ဒေါ့မွန်အသင်းကို ရွေးချယ်လိုက်ပြီ ဖြစ်သည်။ ရှာကွာရီ၏ အေးဂျင့်ဖြစ်သူက ၎င်း၏ ကစားသမားမှာ ဘိုင်ယန်အသင်းသို့ ထွက်ခွာရန် နီးစပ်နေကြောင်း ယခင်က ပြောကြားခဲ့ဖူးသည်။ ရှာကွာရီသည် ယခုလတွင် ဘိုင်ယန်အသင်းနှင့် ချန်ပီယံလိဂ် ၆ သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကို ဘေဆယ်အသင်းအတွက် ပါဝင်ကစားမည်ဖြစ်သည်။