07 February 2012

ဒေါ့မွန်အသင်းမှ တိုက်စစ်မှူး လီဝင်ဒေါ့စကီး က ၎င်းအနေဖြင့် ဘိုင်ယန်အသင်းသို့ ပြောင်းရွှေ့ရန် စိတ်မ၀င်စားကြောင်း ပြောကြားလိုက်သည်။ အဆိုပါ ပိုလန် တိုက်စစ်မှူး၏ ကိုယ်စားလှယ်များသည် ဘိုင်ယန်အသင်းနှင့် အပြောင်းအရွှေ့ကိစ္စ ဆွေးနွေးနေပြီဟု သတင်းများ ထွက်ပေါ်နေသည်။ သို့သော် အသက် ၂၃ နှစ်အရွယ်ရှိ လီဝင်ဒေါ့စကီးက မိမိအနေဖြင့် လက်ရှိ ချန်ပီယံဖြစ်သည့် ဒေါ့မွန်အသင်းမှာသာ ဆက်နေလိုကြောင်း၊ ဘိုင်ယန်အသင်းသို့ ပြောင်းရွှေ့မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ ဒေါ့မွန်အသင်းတွင် ယခင်က ကစားသမား ရုန်းကန်မှုများ ရှိခဲ့သော်လည်း နောက်ပိုင်းတွင် အသင်းနှင့် အံဝင်လာပြီး လီဝင်ဒေါ့စကီးမှာလည်း အသင်း၏ အဓိက အခန်းကဏ္ဍာမှ ပါဝင်လာခဲ့သူဖြစ်သည်။ လီဝင်ဒေါ့စကီးသည် ဒေါ့မွန် အသင်းအတွက် ၁၄ ဂိုး သွင်းယူထားသူဖြစ်သည်။ အဆိုပါ တိုက်စစ်မှူးက ဒေါ့မွန်အသင်းနည်းပြ ဂျာဂင်ကလော့ပ်မှာ မိမိ၏ ဘ၀တစ်လျှောက် လွှမ်းမိုးထားသည့် ပုဂ္ဂိုလ်ဖြစ်သလို မိမိမှာလည်း အသင်းမှ ထွက်ခွာမည် မဟုတ်ကြောင်း ပြောဆိုခဲ့သည်။