09 February 2012

ကိုလုံး အသင်းသည် ၎င်းတို့ တိုက်စစ်မှူး ပိုဒေါစကီးကို ယူရို ၅ သန်းတန် ၁ နှစ်စာချုပ်သစ်ချုပ်ဆိုရန် မျှော်လင့်နေသည်။ အဆိုပါ အသက် ၂၆ နှစ် အရွယ်ရှိ တိုက်စစ်မှူးသည် လာမည့် ၂၀၁၃ ခုနှစ် ဇွန်လတွင် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ ထို့အပြင် ပိုဒေါစကီးမှာ ဥရောပကလပ် အသင်းများနှင့် အပြောင်း အရွှေ့ သတင်းကြီးနေသူ ဖြစ်သည်။ ပိုဒေါစကီးကို အာဆင်နယ် အသင်းကလည်း စိတ်ဝင်စားနေသည်။ သတင်းများ၏ ဖော်ပြချက်အရ ကိုလုံးအသင်းသည် ပိုဒေါ့စကီးကို ယူရို ၁.၇ သန်းအထိ လုပ်အားခ တိုးပေးကာ ၂ နှစ်စာချုပ်ချုပ်ဆိုမည်ဖြစ်ပြီး အဆိုပါ စာချုပ်တွင် နောက်ထပ် တစ်နှစ် စာချုပ်ချုပ်ဆိုမည့် ကိစ္စ အတွက် ရွေးချယ်ခွင့်ပါ ရှိမည်ဖြစ်သည်။ ပိုဒေါစကီးသည် ဂျာမနီ အသင်းအတွက် ၉၅ ပွဲ ကစားကာ လွန်ခဲ့သည့် ၂၀၀၉ ခုနှစ်တွင် ဘိုင်ယန်အသင်းမှ ကိုလုံး အသင်းသို့ ဒုတိယအကြိမ်မြောက် ပြောင်းရွှေ့လာခဲ့သူဖြစ်သည်။