10 February 2012

ဟော့ဖန်ဟိန်း အသင်းသည် အသင်းကို ၈ လ ကြာ ကိုင်တွယ်ခဲ့သည့် နည်းပြ ဟိုလ်ဂါစတန်လော်စကီးကို ရာထူးမှ ထုတ်ပယ်ခဲ့ကြောင်း သိရသည်။ အသက် ၄၂ နှစ် အရွယ်ရှိ အဆိုပါ နည်းပြသည် ဟော့ဖန်ဟိန်း အသင်းကို နောက်ဆုံး ဘွန်ဒစ်လီဂါ ပွဲစဉ် ၁၀ ပွဲတွင် တစ်ပွဲသာ အနိုင်ရရှိစေခဲ့သလို ဂျာမန်ပိုကယ်ဖလား ပြိုင်ပွဲ တွင်လည်း ကွာတားဖိုင်နယ်မှ လှည့်ပြန်စေခဲ့ရ၍ ယခုလို ထုတ်ပယ်ခံရခြင်းဖြစ်သည်။ နည်းပြ စတန်နီလော်စကီးသည် ဟော့ဖန်ဟိန်း အသင်းကို ယခု ဇူလိုင်လ ၁ ရက်နေ့ ကမှ စတင်ကိုင်တွယ်ခဲ့သူဖြစ်သည်။ လက်ရှိတွင် ဟော့ဖန်ဟိန်း အသင်းသည် အမှတ်ပေးဇယား၌ တန်းဆင်းဇုန်နှင့် အမှတ်ကွာဟမှု ကျဉ်းမြောင်းသည့် အနေအထားတွင် ရရှိနေသည်။ လစ်လပ်နေသော ဟော့ဖန်ဟိန်း နည်းပြ ရာထူးအတွက် ယခင် ဟာသာဘာလင် နည်းပြဟောင်း မားကပ်စ်ဘာဘယ်က ခန့်အပ်ခံရဖွယ် ရှိကြောင်း ရေပန်းစားနေသည်။ ဟော့ဖန်ဟိန်း အသင်းသည် ယခုရာသိ ဘွန်ဒစ်လီဂါတွင် အမှတ်ပေးဇယား ရပ်တည်မှု အဆင့် ၈ ၌ ရပ်တည် နေပြီး တန်းဆင်းဇုန်နှင့် ၆ မှတ်အကွာတွင် ရပ်တည်နေသည်။