ကိုလုံးအသင်းအတွက် ပြန်လည် ကစားရန် နီးစပ်နေသည့် ပိုဒေါ့စကီး

Print PDF

Share this post

 

 

   ကိုလုံး အသင်းမှ တိုက်စစ်မှူး ပိုဒေါ့စကီးသည် လေ့ကျင့်ရေး ပြန်ဆင်းနေပြီဖြစ်ကြောင်း သိရသည်။ အဆိုပါ အသက် ၂၆ နှစ် အရွယ်ရှိ ဂျာမနီ တိုက်စစ်မှူးသည် လွန်ခဲ့သည့် ဇန်န၀ါရီတွင် ခြေချင်းဝတ်ဒဏ်ရာ ရရှိခဲ့ပြီးနောက် ကာလရှည် အနားယူခဲ့ရပြီး ယခုတွင် လေ့ကျင့်ခန်း ပြန်ဆင်းနေပြီဖြစ်သည်။ သို့သော်လည်း ကိုလုံး နည်းပြ စတိတ်ဆိုလ်ဘက်ကင်က ယခုတစ်ပတ် စနေနေ့ လေဗာကူဆင် အသင်းနှင့် ပွဲစဉ်တွင် ပိုဒေါ့စကီး အနေဖြင့် အသင်းအတွက် ပါဝင်ကစားနိုင်မည် မဟုတ်ကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့် နုရင်ဘာ့ဂ် အသင်းနှင့် ပွဲစဉ်တွင် ကိုလုံးအသင်းသည် ၂း၁ ဖြင့် ရှုံးနိမ့်ခဲ့သည်။ ယင်းပွဲစဉ်အပြီးတွင် ဂိုးသမား မီရှယ်ရန်ဆင်းက ၎င်းတို့ အသင်းအနေဖြင့် တန်းဆင်းဇုန် အတွင်း ရောက်နေပြီး ယင်းအတွက် ရုန်းကန်နေရကြောင်း ပြောဆိုခဲ့သည်။ ပိုဒေါ့စကီးသည် ယခုရာသီတွင် ကိုလုံးအသင်းအတွက် ဘွန်ဒစ်လီဂါ နောက်ဆုံး ၁၈ ပွဲတွင် ၁၅ ဂိုး သွင်းယူခဲ့ပြီး ၄ ကြိမ် ဖန်တီးပေးပို့မှု ပြုလုပ်နိုင်ခဲ့သူဖြစ်သည်။