ဘတ်စ်ကတ်ဘော ကစားရန် ရှဝိန်းစတိုင်ဂါ စိတ်ကူးခဲ့

Print PDF

Share this post

 

 

   ဘိုင်ယန် ကွင်းလယ်လူ ရှဝိန်းစတိုင်ဂါသည် ယမန်နှစ်က ဘတ်စ်ကတ်ဘော ကစားရန် စဉ်းစားခဲ့ဖူးကြောင်း သိရသည်။ ဘိုင်ယန် ဘတ်စကတ်ဘော အသင်းနည်းပြ ဒါ့ခ်ဘာမန်းက ဂျာမနီလက်ရွေးစင် ဖြစ်သူ ရှဝိန်းစတိုင်ဂါ အနေဖြင့် ၎င်းတို့ အသင်းကို ဘွန်ဒစ်လီဂါသို့ တန်းတက်ခွင့် ရရှိအောင် ကူညီပေးရန် စဉ်းစားခဲ့ဖူးကြောင်း ပြောကြားခဲ့သည်။ အဆိုပါ နည်းပြ ဖြစ်သူက ယမန်နှစ် မတ်လတုန်းက ရာသီမကုန်ခင် ၇ ပွဲအလိုမှာ မိမိတို့ အသင်းဟာ ဘွန်ဒစ်လီဂါသို့ တန်းတက်ခွင့် ရရှိခဲ့ပြီး လက်ကျန် ၅ ပွဲအလိုမှာတော့ ချန်ပီယံဖြစ်နေကြောင်း၊ ထိုစဉ်က ရှဝိန်းစတိုင်ဂါမှာလည်း မိမိတို့ အသင်းအတွက် ကူညီဖို့ စဉ်းစား ခဲ့ဖူးကြောင်း၊ ယင်းမှာ အကောင်းဆုံး ဂုဏ်ယူစရာတစ်ခုပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုစဉ်က ရှဝိန်းစတိုင်ဂါမှာ ဒဏ်ရာပြင်းထန်စွာ ရရှိမည်စိုး၍ ဘတ်စ်ကတ်ဘော ကစားခြင်းကို လက်ရှိတွင် ရှဝိန်းစတိုင်ဂါသည် ဘောလုံးကစားခြင်းနှင့်အတူ ဘိုင်ယန်အသင်းတွင် ခြေစွမ်းပြ ကစားနေသူဖြစ်သည်။