ဂိုးသွင်းအများဆုံးဆု ဟန်တယ်လာ ရယူလို

Print PDF

Share this post

 

 

   ရှော့ကေး တိုက်စစ်မှူး ဟန်တယ်လာသည် ဘိုင်ယန် တိုက်စစ်မှူး မာရီယို ဂိုမက်ဇ်အား ၎င်းအနေဖြင့် ယခုရာသီတွင် ဘွန်ဒစ်လီဂါ ဂိုးသွင်းအများဆုံး ရွှေဘိနပ်ဆုကို ရယူနိုင်ကြောင်း သတိပေးလိုက်သည်။ အဆိုပါ ရီးရဲလ်နှင့် မီလန် တိုက်စစ်မှူးဟောင်းသည် လက်ရှိ ဘွန်ဒစ်လီဂါ ဂိုးသွင်းဇယားတွင် ယမန်နှစ် ဆုရှင် ဂိုမက်ဇ်နှင့် အတူ သွင်းဂိုး ၁၈ ဂိုးဖြင့် ပူးတွဲ ဦးဆောင်နေသည်။ အသက် ၂၈ နှစ် အရွယ်ရှိ ဟန်တယ်လာက မိမိအနေဖြင့် ယခုရာသီတွင် ဂိုမက်ဇ်ထက် ပိုပြီး ဂိုးပိုသွင်းနိုင်ကြောင်း၊ ယခုလို ဂိုးသွင်းအများဆုံး ဇယားကို ထိပ်ဆုံးမှ ဦးဆောင်ခွင့် ရရှိ၍ မိမိအနေဖြင့် ၀မ်းမြောက်မိကြောင်း ပြောကြားခဲ့သည်။ ဟန်တယ်လာသည် လာမည့် တနင်္ဂနွေနေ့တွင် ဂိုမက်ဇ်၏ ဘိုင်ယန် အသင်းနှင့် အဝေးကွင်း ဘွန်ဒစ်လီဂါ ပွဲစဉ်အဖြစ် ရင်ဆိုင် ရမည်ဖြစ်သည်။ လက်ရှိ ဘွန်ဒစ်လီဂါ အမှတ်ပေးဇယားတွင် ဘိုင်ယန်က အဆင့် ၃ နှင့် ရှော့ကေးက အဆင့် ၄ တို့တွင် ရပ်တည်နေသည်။