lastest News

မြင်းငယ်လေး ဂါရေး၏ ဘောလုံးစွမ်းရည်ပြသချက်

Print PDF
AddThis Social Bookmark Button

 

 

  ရုရှားနိုင်ငံ မိုလိုကိုလပ်စ် ပြည်နယ်ရှိ မြင်းငယ်ကလေး တစ်ကောင်သည် သူ၏ ဘောလုံးစွမ်းရည်ကို ပြသပြီး လူအများကို အံ့သြမှင်တက်စေခဲ့ကြောင်း သိရသည်။ ဂါရေးသည် မြင်းငယ်ကလေးတစ်ကောင်းပင်ဖြစ်လင့်ကစား လေ့ကျင့်ရေး ကွင်းထဲတွင် ဘောလုံးကို ဖြတ်တင်ပေးခြင်း၊ လိမ်ခေါက်ခြင်း နှင့် ကန်သွင်းခြင်းတို့ကို ပြုလုပ်ပြသခဲ့ပြီး လာရောက်ကြည့်ရှုသူများအံ့သြမှင်တက်စေရန် ဘောလုံးကို တစ်ပါတည်း ဆွဲပြေးပြခြင်းနှင့် ကမ္ဘာကျော်ဘောလုံးသမား ပီလီ၏ နောက်ပြန်ကန်ချက်တို့ဖြင့် သူ၏ စွမ်းရည်ကို ပြသခဲ့ခြင်းဖြစ်သည်။
   ထို့နောက်သူသည် ပထမအဆင့် စွမ်းရည်ပြသခြင်းများကို ကြည့်ရှုသူများ၏ ရှေ့တွင်  ပြုလုပ်ပြသခဲ့ပြီးနောက်တွင် သူသည် သူ၏ သခင်ဖြစ်သော အန်နာ၏ မျက်နှာကို နမ်းရှုံ့ပြီး မောပန်းခဲ့ခြင်းမရှိကြောင်းကို ပြသခဲ့သည်။
   အဆိုပါ စွမ်းရည်ပြသခြင်းနှင့်ပတ်သက်၍ လာရောက်ကြည့်ရှုသူတစ်ဦးက မြင်းကဘောလုံးကန်တယ်ဆိုတာ မယုံနိုင်စရာပါပဲ။  ဒါပေမယ့် ယခုအချိန်မှာ ပိုပြီး အံ့သြဖွယ်ရာတွေကို ဂါရေးက လုပ်ပြနိုင်ခဲ့ပါပြီဟု ပြောကြားသွားခဲ့သည်။