22 February 2012

မန်စီးတီး နည်းပြ မန်ချီနီသည် ၎င်းတို့ အသင်းအနေဖြင့် ယူရိုပါလိဂ် ဖလားကို ရယူရန် ကြိုစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ မန်စီတီးအသင်းသည် လက်ရှိ ပရီးမီးယားလိဂ်တွင် မန်ယူအသင်းကို ၂ မှတ်ဖြတ်ထားပြီး ၁၉၆၈ ခုနှစ်နောက်ပိုင်း ထိပ်တန်းအဆင့်ရှိ အမှတ်ပေးဖလားကို ရယူရန် နီးစပ်နေသည့် အသင်းဖြစ်သည်။ နည်းပြမန်ချီနီသည် ၎င်းတို့ အသင်း ချန်ပီယံလိဂ်မှ ထွက်လိုက်ရပြီးနောက် အသင်းမှ နာမည်ကြီး ကစားသမားများကို အနားမပေးတော့ဘဲ လက်ကျန် ဆုဖလားများကို အရယူတော့မည် ဖြစ်သည်။ နည်းပြ မန်ချီနီက မိမိတို့အတွက် ကစားရမည့် ပွဲစဉ်တိုင်းဟာ အရေးပါသလို ပွဲစဉ်တိုင်းကိုလည်း အနိုင်ရရန် လိုအပ်ကြောင်း အကယ်၍ ယူရိုပါလိဂ် ဖလားကိုသာ ရယူနိုင်ခဲ့ပါက အသင်းအတွက် အရေးပါသည့် လှုပ်ရှားမှုတစ်ခုဖြစ်ကြောင်း၊ ယင်းမှာ လွယ်ကူမှာ မဟုတ် ပေမယ့် မိမိတို့ ကြိုးစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။