အေဂျက်နှင့် အိမ်ကွင်းပွဲ ရွန်းနေ မပါဝင်

Print PDF

Share this post

 

   

မန်ယူ တိုက်စစ်မှူး ရွန်းနေသည် ယနေ့ည အေဂျက် အသင်းနှင့် ယူရိုပါလိဂ် ရှုံးထွက် ဒုတိယ အကျော့ အိမ်ကွင်းပွဲစဉ်ကို လည်ချောင်း ဝေဒနာကြောင့် လွဲချော်မည် ဖြစ်သည်။ အဆိုပါ တိုက်စစ်မှူးသည် ယင်းရောဂါကို လွန်ခဲ့သည့် အေဂျက်အသင်းနှင့် ပထမအကျော့ အဝေးကွင်းတွင် ကစားစဉ်အခါက ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ ရွန်းနေသည် အသင်းနှင့်အတူ လေ့ကျင့်ခန်း ဆင်းနေခဲ့သော်လည်း ယင်းရောဂါကြောင့် အိမ်သို့ ပြန်ပို့ခဲ့ရပြီး တနင်္ဂနွေနေ့ နောဝှစ်ခ်ျ အသင်းနှင့် အဝေးကွင်း ပရီးမီးယားလိဂ် ပွဲစဉ်တွင် ပြန်လည် ပါဝင်လာဖွယ် ရှိနေသည်။ မန်ယူအသင်းသည် ပထမအကျော့ အဝေးကွင်းတွင် ၂းဝ ဖြင့် အနိုင်ရရှိခဲ့ခြင်းကြောင့် နောက်တစ်ဆင့် တက်ရန်အတွက် နီးစပ်နေပြီး လိုကိုမိုးတစ် မော်စကို သို့မဟုတ် ဘီဘာလ်အို အသင်းနှင့် နောက်တစ်ဆင့်တွင် ရင်ဆိုင်ရမည် ဖြစ်သည်။ ထို့အပြင် ယနေ့ အိမ်ကွင်းပွဲစဉ်တွင် မန်ယူအသင်းမှ အက်ရှ်လေယန်း၊ နာနီ၊ ကလီဗာလေ၊ စမောလင်းနှင့် ဖီးလ်ဂျုံးစ်အပြင် ဟာနန်ဒက်ဇ်တို့မှာ အသင်းအတွက် ပါဝင်ကစားမည် ဖြစ်ကြောင်း သိရသည်။