23 February 2012

စပိန် အသင်းနည်းပြ ဒယ်လ်ဘော့စကေးက ၎င်းအနေဖြင့် ချဲလ်ဆီး တိုက်စစ်မှူး တောရက်စ်၏ ခြေစွမ်းကို ဆက်လက် စောင့်ကြည့်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ အသက် ၂၇ နှစ် အရွယ်ရှိ စပိန်တိုက်စစ်မှူးသည် လွန်ခဲ့သည့် အောက်တိုဘာ ၁၉ ရက်နေ့ကလည်းက ချဲလ်ဆီးအသင်းအတွက် ဂိုးပေါက်ပျောက် နေသူဖြစ်ပြီး လက်ရွေးစင် အသင်းနှင့် ပတ်သက်ပြီး မှတ်တမ်းကောင်းများ ရှိသော်လည်း ယူရို ၂၀၁၂ ပြိုင်ပွဲဝင် စပိန်အသင်း လူစာရင်း၌ ပါဝင်ရန် မသေချာပေ။ နည်းပြ ဒယ်လ်ဘော့ကေးက တိုက်စစ်မှူးများမှာ အမြဲတမ်းဂိုးသွင်းခြေမှန်ရန် လိုအပ်ကြောင်း၊ အကယ်၍ ဂိုးပေါက်ပျောက်နေပါက သူတို့အတွက် ဘာမှ လုပ်ရမည်မဟုတ်ကြောင်း၊ အခု တောရက်စ်မှာလည်း အရင်ကထက် ပိုပြီး ကြိုစားနေပါကြောင်း၊ သူဟာ ကံတရားရဲ့ ဖေးမမှု အားနည်း နေခြင်းကြောင့်သာ အခုလို ဖြစ်နေရခြင်း ဖြစ်ကြောင်း၊ လွန်ခဲ့သည့် နောက်ဆုံးပွဲစဉ်များတွင် တောရက်စ်၏ ကြိုးစားမှုများကို မြင်တွေ့ခဲ့ရကြောင်း တောရက်စ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။