23 February 2012

ဂျာမနီ နည်းပြ ဂျိုအာချင်လိုက ၎င်းတို့ အသင်းအနေဖြင့် ယခုလာမည့် နွေရာသီတွင် ယူရို ၂၀၁၂ ပြိုင်ပွဲ၌ ချန်ပီယံအဖြစ် ဗိုလ်စွဲနိုင်ကြောင်း ယုံကြည်နေသည်။ ဂျာမနီ အသင်းသည် လွန်ခဲ့သည့် ခြေစစ်ပွဲအဆင့်တွင် အကောင်းဆုံး ခြေစွမ်းပြပြီး ယခုလို ပြိုင်ပွဲဝင်ခွင့် ရရှိခဲ့ခြင်းဖြစ်သည်။ လွန်ခဲ့သည့် နောက်ဆုံး ၂ ကြိမ်တွင် တတိယနှင့် ဒုတိယ ရရှိခဲ့သည့် ဂျာမနီ အသင်းသည် ယခုနှစ်တွင် ချန်ပီယံဖြစ်ရန် အချိန်တန်ပြီဟု နည်းပြ ဂျိုအာချင်လိုက ယုံကြည်နေသည်။ တွေ့ဆုံဆွေးနွေးပွဲ တစ်ခုတွင် မိမိအနေဖြင့် ဂျာမနီ အသင်း ယူရို ၂၀၁၂ တွင် ချန်ပီယံဖြစ်မည်ဟု ယုံကြည်ကြောင်း နည်းပြ ဂျိုအာချင်လိုက ဆိုသည်။ နည်းပြ ဂျိုအာချင်လိုသည် လာမည့် ပြင်သစ် အသင်းနှင့် ဘာလင်မြို့တွင်ကစားမည့် အိမ်ကွင်း ခြေစမ်းပွဲစဉ်အတွက် ဂျာမနီ အသင်း၏ ကစားသမား ၂၂ ဦးပါ အသင်းလူစာရင်းကို ထုတ်ပြန်ခဲ့သည်။ ယင်းလူစာရင်းတွင် နာမည်ကြီး ကစားသမားများဖြစ်သည့် ရှဝိန်းစတိုင်ဂါ၊ မာရီယိုဂေါ့ဇီ၊ ပိုဒေါစကီးနှင့် မာတီဆက်ကာတို့ ပါဝင်လာခြင်း မရှိပေ။