
02 February 2012

အာဆင်နယ် နည်းပြ ၀င်းဂါးက ၎င်းတို့အသင်း အနေဖြင့် ဘော်လ်တန် အသင်းနှင့် အဝေးကွင်း ပွဲစဉ်တွင် ဂိုးမရှိသရေ ကျခဲ့ပြီး အမှတ်ပေးဇယားတွင် အဆင့် ၇ သို့ ကျဆင်းသွားခဲ့သော်လည်း ရာသီကုန် ချန်ပီယံလိဂ် ၀င်ခွင့်ရနိုင်လိမ့်မည်ဟု
ယုံကြည်နေကြောင်း ပြောဆိုခဲ့သည်။
အာဆင်နယ် အသင်းသည် နောက်ဆုံး ပရီးမီးယားလိဂ် ၆ ပွဲတွင် ၁ ပွဲသာ အနိုင်ရထားသည့် အသင်းဖြစ်သည်။ သို့သော် ၀င်းဂါးက မိမိအနေဖြင့် ထိပ်သီး ၄ သင်းနေရာအတွက် ယုံကြည်မှုရှိကြောင်း၊ လက်ကျန်ပွဲစဉ်များလည်း အတော်ပင် အချိန်ကာလ တစ်ခုကို ရင်ဆိုင်ခဲ့ရကြောင်း၊ မိမိတို့ အသင်းမှာ နောက်ဆုံး ၃ ပွဲတွင် ရှုံးနိမ့်ပြီး ယင်းပွဲစဉ်များတွင် အနိုင်ရရန် နီးစပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ အာဆင်နယ် အသင်းနှင့် ပွဲစဉ်မှ သရေတစ်မှတ်ကြောင့် ဘော်လ်တန် အသင်းမှာ တန်းဆင်းဇုန်မှ ၂ မှတ်အကွာသို့ ရောက်ရှိလာသည်။ ယင်းပွဲစဉ်အပြီးတွင် ဘော်လ်တန် အသင်းမှ နည်းပြ အိုဝင်ကွိုင်လီက မိမိတို့အသင်းအနေဖြင့် ယခုပွဲစဉ်တွင် ကြံ့ခိုင်မှုပြည့်ဝလာသလို အကောင်းဆုံး ဖြစ်လာခဲ့ကြောင်း ပြောကြားခဲ့သည်။