17 February 2012

မီလန်အသင်း၏ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က အာဆင်နယ် အသင်းကို အနိုင်ရရှိသော ပွဲစဉ်တွင် ယခုထက်ပိုမို ဂိုးရသင့်ကြောင်း ထုတ်ဖော်
ပြောဆိုခဲ့သည်။
တနေ့က ယှဉ်ပြိုင်ကစားခဲ့သော မီလန်အသင်းနှင့် အာဆင်နယ်အသင်းတို့၏ ချန်ပီယံလိဂ် ရှုံးထွက်ပွဲစဉ်တွင် မီလန်အသင်းက ၄ ဂိုး ၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး နောက်တစ်ဆင့်သို့ တက်ရောက်ရန် အခြေအနေကောင်းသွားခဲ့ပြီဖြစ်သည်။ အဆိုပါ နိုင်ပွဲနှင့် ပတ်သက်၍ အေစီမီလန် အသင်း၏ တိုက်စစ်မှူး အီဗရာဟီမိုဗစ်က ကျွန်တော်တို့ အသင်း ယခုလို (၄) ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ ခဲ့သောကြောင့် နောက်တစ်ဆင့်သို့ တက်ရောက်နိုင်ဖို့ အခွင့်အရေး ကောင်းသွားပြီဖြစ်ပါတယ်။ ဒါပေမယ့် ယင်းပွဲစဉ်မှာ ကျွန်တော်တို့ အနေနဲ့ အခွင့်အရေးကောင်းများစွာ ရရှိခဲ့ပြီး တကယ်တမ်းပြောရမယ်ဆိုရင် ယခုထက်ပိုမိုများပြားတဲ့ ဂိုးအရေအတွက်ကို ရသင့်ပါတယ်ဟု ပြောကြားသွားခဲ့သည်။
အဆိုပါပွဲစဉ် အပြီးတွင် အာဆင်နယ် အသင်း၏ တစ်ကျော့ပြန် တိုက်စစ်မှူး အွန်နရီက အေစီမီလန် အသင်း၏ ကစားသမားများနှင့် ရင်းနှီးစွာ စကားပြောဆိုခဲ့ကြပြီး မီလန်အသင်း၏ ကစားပုံကို ချီးကျူးသွားခဲ့ကြောင်းသိရသည်။