Latest News

မော်စကို အအေးဒဏ်ကြောင့် အခက်တွေ့ဖွယ် ရှိနေသည့် ရီးရဲလ်

Print PDF

Share this post

 

 

  ရီးရဲလ်နည်းပြ မော်ရင်ဟိုက ယနေ့ည ရုရှားကလပ် CSKA မော်စကို အသင်းနှင့် အဝေးကွင်း ချန်ပီယံလိဂ် ပွဲစဉ်သည် ၎င်းတို့ အသင်းအတွက် အခက်အခဲ တစ်ခု ဖြစ်လာနိုင်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ ပွဲစဉ်ကို ရီးရဲလ် အသင်းသည် အပူချိန် သုည ဒီဂရီ ရှိသည့် မော်စကိုမြို့မှ လုဇ်နီမြက်ခင်းတုကွင်းတွင် ရင်ဆိုင် ကစားရမည်ဖြစ်သည်။ ရီးရဲလ်အသင်းသည် ယခုရာသီတွင် လာလီဂါ၌ ဘာစီလိုနာ အသင်းကို ၁၀ မှတ်ဖြတ်ထားသလို ချန်ပီယံလိဂ်တွင်လည်း ရှုံးထွက်အဆင့်သို့ တက်ရောက်နေသည်။ လက်ရှိ ရုရှား ပြည်တွင်းလိဂ်မှာ လာမည့် မတ်လ အထိ ဆောင်းရာသီ အားလပ်ရက် ကာလရှိနေ၍ CSKA မော်စကို အသင်းအတွက် ယနေ့ည ပွဲစဉ်သည် ရာသီသစ် အဖွင့်ပွဲစဉ်ဖြစ်သည်။ လက်ရှိတွင် ရီးရဲလ်အသင်းသည် ရေးဆင်းအသင်းကို ၄းဝဖြင့် အနိုင်ရခဲ့သည့် ပွဲစဉ်တွင် ကာကာ၊ မာဆယ်လိုနှင့် ခီဒီရာ အစရှိသည့် အသင်းမှ ကစားသမားများ ပြန်လည်ပါဝင်ခဲ့သလို အာဂျင်တီးနား အသင်းအတွက် ကစားရင်း ညာဘက်ခြေထောက် ကြွက်သားဒဏ်ရာ ရရှိခဲ့သည့် ကွင်းလယ်လူ ဒီမာရီယာမှာလည်း အသင်းအတွက်  ပြန်လည် ပါဝင်နိုင်ပြီဖြစ်သည်။

  ထို့အပြင် နောက်ခံလူ အာဘီလိုအာနှင့်  တိုက်စစ်မှူး ဟီဂူအင်တို့မှာလည်း ရီးရဲလ်အသင်းအတွက် အသင့်ဖြစ်နေသည်။ မော်ရင်ဟိုက CSKA နှင့် ပွဲကို မိမိတို့အသင်း အာရုံစိုက်ရမည်ဖြစ်ကြောင်း၊ အသင်းရဲ့ ကစားပုံကို လူတွေကလည်း နှစ်သက်ကြသလို မိမိတို့အသင်းမှာလည်း ယခုတွင် ကစားသမား အစုံအလင်ပြန်ဖြစ်လာပြီ ဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် မော်စကိုမြို့သို့ ခရီးပြင်းနှင်ရမည်ဖြစ်ပြီး ယင်းအတွက်လည်း စိတ်လှုပ်ရှား မိသလို ယနေ့ည ပွဲစဉ်မှာလည်း အသင်းအတွက် မလွယ်ကူကြောင်း ပြောကြားခဲ့သည်။