Latest News

ပုဂ္ဂိုလ်ရေးထက် ပြိုင်ဆိုင်မှုကိုသာ အလေးထားတဲ့ မာဆေးလ်နည်းပြ

Print PDF

Share this post

 

 

  မာဆေးလ်အသင်း နည်းပြ ဒက်စ်ချမ့်သည် ယနေ့ည ချန်ပီယံလိဂ် ပွဲစဉ်တွင် ပြိုင်ဘက် အင်တာနည်းပြ ရေနီယာရီအား လက်စားချေမည်ဆိုသည့် သတင်းများကို ငြင်းဆိုလိုက်သည်။ လွန်ခဲ့သည့် ၂၀၀၄ ခုနှစ်တွင် ဒက်စ်ချမ့်သည် မိုနာကို အသင်းကို နည်းပြအဖြစ် ကိုင်တွယ်စဉ်က ရေနီယာနီ၏ ချဲလ်ဆီးအသင်းနှင့် ရင်ဆိုင်ခဲ့ရပြီး ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် မှ ထွက်ခဲ့ရသည်။ မာဆေးလ်အသင်းသည် ယနေ့ည ပွဲစဉ်ကို ၎င်းတို့ အိမ်ကွင်းတွင် ရင်ဆိုင်ရမည်ဖြစ်သည်။ ဂျူဗင်တပ် နည်းပြဟောင်း ဒက်စ်ချမ့်က ဘောလုံးမှာ လက်စားချေလိုစိတ်မျိုး မရှိကြောင်း၊ မိမိတို့ နှစ်ဦးအကြား အရင်က အတိတ်မှာ ဘာတွေဘဲ ဖြစ်ခဲ့ပါစေ။ ယခုတွေ့ဆုံမှုမှာ အသစ်တစ်ဖန် ဆုံတွေ့ခြင်းဖြစ်ကြောင်း၊ မိမိတို့ အသင်းနှင့် သူတို့ အသင်းမှာ အပြန်အလှန်လေးစားမှု ရှိကြောင်း၊ ယနေ့ပွဲစဉ်မှာ ဒက်စ်ချမ့်နဲ့ ရေနီယာရီတို့ပွဲ မဟုတ်ဘဲ မာဆေးလ်နဲ့ အင်တာ တွေ့ဆုံခြင်းသာဖြစ်ကြောင်း ယနေ့ည ပွဲစဉ်နှင့် ပတ်သက်၍ ပြောကြားခဲ့သည်။ အင်တာအသင်းသည် ယခုရာသီ စီးရီးအေတွင် ရုန်းကန်နေရခြင်းကြောင့် နည်းပြ ရေနီယာနီမှာလည်း ဖိအားဝင်နေသည်။ ထို့အပြင် နည်းပြ ဒက်စ်ချမ့်က ၎င်းတို့ အသင်းနှင့် ရေနီယာနီတို့ အသင်းမှာ နောက်တစ်ဆင့်သို့ တက်ရောက်ရန်အတွက် အခွင့်အရေး ကိုယ်စီရှိနေကြောင်း ပြောကြားခဲ့သည်။