ကွာတား အဆင့်ကို မျှော်မှန်းနေသေးသည့် ချဲလ်ဆီး

Print PDF

Share this post

 

 

  ချဲလ်ဆီး အသင်းသည် ယမန်နေ့ နာပိုလီ အသင်းနှင့် အဝေးကွင်း ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ ပွဲစဉ်တွင် ၃းဝ ဖြင့် အရေးနိမ့်ခဲ့ရကြောင်း သိရသည်။ အဆိုပါ ပွဲစဉ်ရလဒ်သည် ချဲလ်ဆီးနည်းပြ ဘိုအာ့စ်အတွက် အဆိုးထဲကမှ အဆိုးဆုံးဖြစ်သွားပြီး ၎င်း၏ အနာဂတ်မှာလည်း  စိုးရိမ်စရာဖြစ်လာခဲ့သည်။ ယင်းပွဲစဉ်တွင် ဘိုအာ့စ်သည် ဒဏ်ရာရနေသည့် ဂျွန်တယ်ရီနှင့် လွန်ခဲ့သည့် အပတ်တွင် ၎င်း၏ နည်းပြ စနစ်များကို ဝေဖန်ခဲ့သည့် လမ်းပတ်နှင့် အက်ရှ်လေကိုးလ်တို့ကို ပွဲထွက်စာရင်းတွင် အသုံးမပြုဘဲ လမ်းပတ်နှင့် အက်ရှ်လေကိုးလ် တို့ကို လူစားလဲ ကစားသမားများ အဖြစ် အသုံးပြုခဲ့သည်။ ဘိုအာ့စ်က မိမိအနေဖြင့် အက်ရှ်လေကိုးလ်နှင့် လမ်းပတ်တို့ကို ခေါ်ယူတွေ့ဆုံပြီး ဖြစ်ကြောင်း၊ သူတို့အနေဖြင့် ယင်းဆုံးဖြတ်ချက်အတွက် စိတ်ပျက်ခဲ့ကြသော်လည်း လက်ခံရမည်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အသင်းလူစာရင်း ထုတ်ပြန်မှုကို ကိုယ်ပိုင် စိတ်ကူးဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ယင်းပွဲစဉ်အပြီးတွင် ချဲလ်ဆီးအသင်းမှ လမ်းပတ်နှင့် အက်ရှ်လေကိုးလ်တို့သည် မီဒီယာများနှင့် တွေ့ဆုံရန် ငြင်းဆိုခဲ့သည်။ ထို့အပြင် နည်းပြ ဘိုအာ့စ်က မိမိတို့ အတွက်တော့ ရလဒ်ဆိုး တစ်ခုဖြစ်ကြောင်း၊ သို့သော်လည်း ယင်းရလဒ်ကို ဒုတိယအကျော့ အိမ်ကွင်းတွင် မိမိတို့အသင်းက ပြန်လည် ချေဖျက်နိုင်မည်ဟု ယုံကြည်ကြောင်း ပြောဆိုခဲ့သည်။