
06 February 2012

ပရီးမီးယားလိဂ်ကလပ် မန်စီးတီး အသင်း၏ နည်းပြ မန်ချီနီသည် အသင်း၏ နောက်တန်း ကစားသမား ကိုလိုတိုရေးကို အသင်းမှ လက်လွှတ်ဆုံးရှုံးရမည်ကို စိုးရိမ်နေကြောင်း
သိရသည်။
တိုရေးသည် ယခုအချိန်တွင် သူ၏ နိုင်ငံလက်ရွေးစင် အသင်းဖြစ်သော အိုင်ဗရီကို့စ် အသင်းနှင့် အာဖရိက ဖလားပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကစားနေသူဖြစ်သည်။ သူသည် ပြီးခဲ့သောနှစ် တားမြစ်ဆေးဝါး သုံးစွဲခဲ့မှုကြောင့် ပွဲပယ်ခံရပြီး ပြန်လည် ပွဲထွက်ကစားရာတွင် ပုံမှန်နေရာ ပျောက်ဆုံး လျက်ရှိပြီး အသင်းမှ ထွက်ခွာရန် စီစဉ်နေသော ကစားသမား ဖြစ်သည်။ ထို့ကြောင့် ရုရှားကလပ် အန်ဇီအသင်းသည် သူကို ယခုအချိန်တွင် အငှားဖြင့် ခေါ်ယူပြီး နွေရာသီအပြောင်းအရွှေ့တွင် အပြီးသတ်ခေါ်ယူမည်ဟု ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။
မန်စီးတီး အသင်းသည် ရာသီအစတွင် သွင်းဂိုးများစွာဖြင့် အောင်ပွဲခံနိုင်ခဲ့သော်လည်း ယခုအချိန်တွင် အသင်း၏ နောက်တန်း နေရာအတွက် စိုးရိမ် ဖွယ်ရာများရှိလာခဲ့သောကြောင် တိုရေးကို လက်မလွှတ်နေလိုခြင်းဖြစ်သည်။