စပါးအသင်းကို အနိုင်ရလိုသည့် အာဆင်နယ်

Print PDF

Share this post

 

 

   အာဆင်နယ် နည်းပြ ၀င်းဂါးက ၎င်းတို့ အသင်းမှ ကစားသမားများ အနေဖြင့် လက်ရှိ ကြုံတွေ့နေရသော ဖိအားများကို ဖယ်ရှားပစ်ရန် အတွက် မနက်ဖြန်တွင် မြို့ခံပြိုင်ဘက် စပါးအသင်းအား အနိုင်ယူရမည် ဖြစ်ကြောင်း ပြောကြားလိုက်သည်။ ယခုတစ်ပတ်အတွင်းတွင် အာဆင်နယ် အသင်းသည် မီလန်အသင်းကို ၄းဝ ဖြင့် ရှုံးနိမ့်ခဲ့ခြင်းနှင့် FA ဖလား ပွဲစဉ်တွင် ဆန်းဒါးလန်း အသင်းကို ၂းဝ ဖြင့် ရှုံးနိမ့်ပြီး ပြိုင်ပွဲမှ ထွက်ခဲ့ရခြင်းတို့ကြောင့် နည်းပြ ၀င်းဂါးနှင့် အသင်းမှ ကစားသမား များမှာ ဖိအားဝင်ခဲ့ရပြီး အသင်းမှာလည်း နောက်ထပ် ဖလားလက်မဲ့ ရာသီတစ်ခုနှင့် ရင်ဆိုင်ခဲ့ရပြီဖြစ်သည်။ ယခုတွင် အာဆင်နယ် အသင်းသည် လာမည့် ရာသီ ချန်ပီယံလိဂ်  ၀င်ခွင့် အတွက် ထိပ်သီး ၄ သင်း စာရင်းဝင်ရန်သာ မျှော်လင့်ချက် ထားရှိခွင့် ရမည်ဖြစ်သည်။ ၀င်းဂါးက အသင်းတစ်သင်းကို ကိုင်တွယ်ရသည်မှာ လွယ်ကူသည့် အလုပ်မဟုတ်သော်လည်း မိမိတာဝန်၏ တစ်စိတ်တစ်ဒေသ လုပ်ရိုးလုပ်စဉ်သာဖြစ်ကြောင်း၊ ပရိသတ်က မိမိတို့ အပေါ် အမြင်စောင်းနေခြင်း အတွက်ကိုတော့ စိတ်မကောင်း ဖြစ်မိကြောင်း၊ ယခုတွင် မိမိတို့အသင်းအတွက် ခြေစွမ်းအမှန်ကို ထုတ်ဖော်ပြသခွင့်ရမည့် အခွင့်အရေး ရှိလာပြီဖြစ်ကြောင်း၊ လက်ရှိတွင် ပွဲအားလုံးသည် ရာသီကုန်သည်အထိ အရေးပါနေပြီဖြစ်သလို မိမိတို့ အတွက် စိတ်လှုပ်ရှားစရာ ဖြစ်ကြောင်း၊ စပါးအသင်းကို အမီလိုက်ရင်း အမှတ်ပေးဇယား အဆင့် ၄ နေရာမှ ဆင်းမပေးရရန်အတွက် ကြိုးစားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

  စပါးအသင်းမှ အာဆင်နယ် တိုက်စစ်မှူးဟောင်း အဒီဘာယောနှင့် ပတ်သက်၍ ၀င်းဂါးက အဒီဘာယော၏  ယခုလက်ရှိ တိုးတက်လာသည့် ခြေစွမ်းများကို မိမိအနေဖြင့် အံ့အားသင့်ခြင်းမျိုး မရှိကြောင်း ပြောကြားလိုက်သည်။