25 February 2012

မန်စီးတီး တိုက်စစ်မှူး အေဂူရိုသည် ၎င်းအနေဖြင့် အသင်းဖော် တိုက်စစ်မှူး တီဗက်ဇ်နှင့် သတင်းတွင် ပြန်လည်တွဲဖက် ကစားခွင့် ရရန် မစောင့်နိုင် ဖြစ်နေကြောင်း သိရသည်။ တီဗက်ဇ်သည် မန်စီးတီး အသင်းနှင့် အဆင်မပြေဖြစ်ပြီး နေရပ်သို့ ၃ လကြာ ပြန်သွားစဉ်အခါက ၎င်း၏ ကလပ်အသင်းနှင့် လက်ရွေးစင် အသင်းဖော် တိုက်စစ်မှူး အေဂူရိုနှင့် အမြဲမပျက် အဆက်အသွယ် ရှိခဲ့သူဖြစ်သည်။ တီဗက်ဇ်သည် မန်စီးတီး အသင်းတွင် နည်းပြ မန်ချီနီ၏ ခွင့်ပြုချက်ဖြင့် လေ့ကျင့်ခန်းပြန်ဆင်းနေပြီဖြစ်သည်။ အေဂူရိုက တီဗက်ဇ်မှာ အကောင်းဆုံး ကစားသမားဆိုသည်မှာ သံသယဖြစ်စရာ မရှိကြောင်း၊ အသင်းသို့ သူပြန်လာခြင်းမှာ မိမိတို့အတွက် အကြီးအကျယ်ဆုံး နေ့တစ်နေ့ ဖြစ်ကြောင်း၊ သူဟာ မိမိတို့ အသင်းအတွက် အရေးပါသည့် ကစားသမား တစ်ဦးဖြစ်ကြောင်း၊ တီဗက်ဇ်မှာ အသင်းတွင် မရှိတုန်းက မိမိနှင့် အဆက်အသွယ် ရှိခဲ့ကြောင်း၊ သူဟာ အကောင်းဆုံး ကစားသမားတစ်ဦးဖြစ်သလို သူ့ရဲ့ အနာဂတ်အတွက် အမှားအယွင်းမရှိ ဆုံးဖြတ်နိုင်သူဖြစ်ကြောင်း၊ သူ အသင်းသို့ ပြန်လာသည်မှာ ၀မ်းမြောက်စရာ ဖြစ်သလို ယင်းအတွက် မိမိကိုယ်တိုင်လည်း ပျော်ရွှင်ရကြောင်း၊ သူ အသင်းသို့ ပြန်လာခြင်းသည် ယခုရာသီအတွင်း မိမိတို့အတွက် အထောက်အကူ ဖြစ်စေကြောင်း ပြောကြားခဲ့သည်။
မန်စီးတီး အသင်းအနေဖြင့် လက်ရှိ ခြေစွမ်း ကိုသာ ဆက်ထိန်းနိုင်ပါက မန်ယူ၏ ကျော်ဖြတ်ခြင်းကို ခံရမည် မဟုတ်ကြောင်း၊ မိမိမှာလည်း အသင်းနှင့် အတူ ပရီးမီးယားလိဂ်နှင့် ယူရိုပါလိဂ် ဖလားတို့ကို ရယူရန် မျှော်မှန်းထားကြောင်း အေဂူရိုက ဆက်လက်၍ ပြောကြားခဲ့သည်။