Latest News

ဝင်းဂါးနှင့် ပတ်သက်၍ အာဆင်နယ် ပရိသတ်များကို ရက်ဒ်နက်တောင်းဆို

Print PDF

Share this post

 

 

  စပါး နည်းပြ ဟယ်ရီရက်ဒ်နက်က အာဆင်နယ် ပရိသတ်များအနေဖြင့် သူတို့၏ နည်းပြ ၀င်းဂါးနှင့် ပတ်သက်၍ အလျင်စလို မဆုံးဖြတ်သင့်ကြောင်း ပြောကြား လိုက်သည်။ စပါးအသင်းသည် မနက်ဖြန်တွင် အဝေးကွင်း လန်ဒန်ဒါဘီ ပွဲစဉ်အဖြစ် အာဆင်နယ် အသင်းနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။ လက်ရှိတွင် အာဆင်နယ် အသင်းသည် ၇ ရာသီဆက် ဖလားလက်မဲ့ ဖြစ်ခဲ့ရပြီဖြစ်ပြီး လာမည့် ရာသီအတွက် ချန်ပီယံလိဂ် ၀င်ခွင့်လည်း မရေမရာ ဖြစ်နေသည်။ ယင်းကြောင့် အာဆင်နယ် ပရိသတ်များသည် ၎င်းတို့ နည်းပြ ၀င်းဂါးအပေါ် သံသယ ဖြစ်လာကြပြီး အသင်းအတွက် ၀င်းဂါးမှာ အမှန်ပင် အကျိုးပြုနိုင်မည့် ပုဂ္ဂိုလ်ဖြစ်နိုင်ပါ့မလား ဆိုသည့် မေးခွန်းများ ထုတ်လာ ခဲ့ကြသည်။ သို့သော် နည်းပြ ဟယ်ရီရက်ဒ်နက်က အာဆင်နယ် ပရိသတ်များ အနေဖြင့် သူတို့၏ အလိုဆန္ဒများအတွက် အလျင်စလို မဆုံးဖြတ်သင့်ကြောင်း၊ တကယ်ဆိုရင် သူတို့အသင်းမှာ အကောင်းဆုံး အချိန်ကာလများကို ဖြတ်သန်းခဲ့ရပြီ ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၅ နှစ် လုံးလုံးတွင် ချန်ပီယံလိဂ်မှာ အမြဲကစားခွင့် ရခဲ့ခြင်းသည် အာဆင်နယ် အသင်း၏ အကောင်းဆုံး အရည်အချင်း တစ်ခုပင် ဖြစ်ကြောင်း၊ သူတို့ အသင်းအနေဖြင့် လက်ရှိ နည်းပြ ၀င်းဂါး၏ နေရာ၌ အစားထိုး နိုင်လိမ့်မည် မဟုတ်ကြောင်း၊ အကြောင်းမှာ ၀င်းဂါး အနေဖြင့် အသင်းအတွက်ကို အကောင်းဆုံး ကြိုစားပေးခဲ့ခြင်း ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

  နည်းပြ ဟယ်ရီရက်ဒ်နက်က ယခုရာသီတွင် ၎င်းတို့ အသင်းအနေဖြင့် ထိပ်ဆုံး ၃ သင်း စာရင်းဝင်ရန်နှင့် အမှတ်ပေးဇယား အဆင့် ၃ နေရာ ရရှိရန် မျှော်မှန်း ထားသော်လည်း ရာသီကုန်တွင် ယင်းထက်ပိုခဲ့ပါက ၎င်းတို့ အသင်းအတွက် အပိုဆုကြေး တစ်ခုပင် ဖြစ်ကြောင်း ပြောကြားခဲ့သည်။