25 February 2012

လီဗာပူး အသင်းခေါင်းဆောင် ဂျရတ်က ၎င်းတို့ အသင်း၏ ၆ နှစ်ကြာ ဖလားလက်မဲ့ဖြစ်နေခြင်းမှာ ရှည်ကြာလွန်းပြီး ယင်းကို ချိုးဖျက်ပြရန်အတွက် အသင်း အနေဖြင့် အချိန်ကျပြီဆိုသည့် အဆိုကို လက်ခံလိုက်သည်။ လွန်ခဲ့သည့် ၂၀၀၆ ခုနှစ်တွင် FA ဖလားကို ရယူခဲ့စဉ်က ဂျရတ်မှာ အသင်း၏ အရေးပါသည့် နေရာမှ ပါဝင်ခဲ့ပြီး လီဗာပူး အသင်းမှာ ထိုစဉ်က ချန်ပီယံလိဂ် ဖိုင်နယ်အထိ တက်နိုင်ခဲ့သော်လည်း မီလန်အသင်းကို ရှုံးနိမ့်ခဲ့သည်။ ဂျရတ်သည် မနက်ဖြန် ကာဒစ်ဖ် အသင်းနှင့် ၀င်ဘလေ ကွင်း၌ ကစားမည့် ကားလင်းဖလား ဖိုင်နယ်တွင် လီဗာပူး အသင်းကို အနိုင်ရလဒ်နှင့်အတူ ၆ နှစ်အတွင်း ပထမဆုံး ဆုဖလားကိုပါ ရယူရန် မျှော်လင့်နေသည်။ ဂျရတ်က အသင်းအတွက် အရေးကြီးသည့် ပွဲစဉ်တစ်ခုဖြစ်ပြီး အသင်းမှ ကစားသမားများသည် ၀င်ဘလေကွင်းတွင် ရယူခဲ့ကြဖူးသူများ ဖြစ်ကြောင်း၊ ယခုတွင် မိမိတို့ကလည်း ကာဒစ်ဖ်ကို ခက်ခက်ခဲခဲ အနိုင်ယူရမည်ဖြစ်ကြောင်း၊ လွန်ခဲ့သည့် ၁၆ နှစ်အတွင်းတွင် ၀င်ဘလေကွင်း၌ မိမိတို့ အသင်းမှာ အဓိက ပြိုင်ပွဲတစ်ခုကို ဖိုင်နယ် အထိ တက်နိုင်ပြီး ၂၀၀၆ ခုနှစ်တွင် FA ဖလားကို အရယူပြီး ကတည်းက ယခုအချိန်အထိ ဖလား လက်မဲ့ဖြစ်နေခြင်းမှာ အသင်း အတွက် အလွန်ကို ရှည်ကြာလွန်းခဲ့ကြောင်း၊ ယခုတွင် မိမိတို့အနေဖြင့် အသင်းအတွက် ဆုဖလား တစ်လုံး ရယူရန် အချိန်တန်ပြီ ဖြစ်ကြောင်း ပြောကြားခဲ့သည်။