lastest News

ဖလားရရှိရန်အတွက် အခွင့်အရေးပိုကောင်းနေပြီဟု ၀င်းဂါး ယုံကြည်

Print PDF
AddThis Social Bookmark Button

 

 

  အာဆင်နယ် နည်းပြ ၀င်းဂါးက ၎င်းတို့အသင်းအနေဖြင့် ယမန်နှစ်ရာသီကထက် ဆုဖလားရရှိရန် ယခုနှစ်ရာသီတွင် အခွင့်အရေး ပိုကောင်းနေကြောင်း ပြောကြားလိုက်သည်။ လွန်ခဲ့သည့် နှစ်ပေါင်း ၅၀ အတွင်း အာဆင်နယ် အသင်းအနေဖြင့် အဆိုးရွားဆုံး ရလဒ်နှင့် ရင်ဆိုင်ခဲ့ရသော်လည်း ၀င်းဂါးက ပြီးခဲ့သည့် သြဂုတ်လ အတွင်းက ခေါ်ယူခဲ့သည့် မာတီဆက်ကာ၊ ဘီနာယောင်နှင့် အာတီတာ အပါအ၀င် ကစားသမားသစ်များသည် လွန်ခဲ့သည့် ၂၀၀၅ ခုနှစ်ကတည်းက ကြုံတွေ့ နေရသည့် အသင်း၏ ဖလားလက်မဲ့ ဖြစ်မှုကို အဆုံးသတ်ပေးနိုင်လိမ့်မည်ဟု ဆိုခဲ့သည်။
     တနင်္ဂနွေနေ့ ဆန်းဒါးလန်းအသင်းနှင့်ပွဲစဉ်မတိုင်မီ ၀င်းဂါးက “ကျွန်တော်တို့ အသင်းဟာ အခုဆိုရင် အမှတ်ပေး ပြိုင်ပွဲ တစ်လျှောက်မှာ အတွေ့အကြုံတွေ အများကြီး ရှိနေပါပြီ။ တကယ်လို့ အခုအချိန်မှာ ကျွန်တော်တို့ အနေနဲ့ အတောင့်တင်းဆုံး ဖြစ်လာခဲ့မယ် ဆိုရင်တော့ လာမယ့်မတ်လနဲ့ ဧပြီလတွေမှာ အသင်း အတွက် စိတ်ဝင်စားဖို့ ကောင်းတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင် ရမှာပါ။ ကျွန်တော်တို့ဟာ မနှစ်က ရာသီမှာ ဆုဖလားမရရှိခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီတုန်းက အသင်းဟာ ဆုဖလားတစ်လုံး ရယူဖို့ အလွန်ကို နီးစပ်ခဲ့တယ်လို့ ကျွန်တော်ကတော့ ယုံကြည်ပါတယ်။
     ဒါပေမယ့်လည်း ကျွန်တော်တို့ဟာ အတွေ့အကြုံ တွေကိုဘဲ ပိုပြီး ရယူခဲ့ရပါတယ်။ ဒီရာသီ ပြီးခဲ့တဲ့ နွေရာသီတုန်းက ဆိုရင်လည်း ကျွန်တော်တို့ဟာ မလိုလားအပ်တဲ့ ဖြစ်ရပ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် အသစ်ခေါ်ယူထားတဲ့ ကစားသမား တွေရဲ့ ခြေစွမ်းတွေကိုလည်း ကျွန်တော် ကျေနပ်ပါတယ်။ ကျွန်တော်တို့
အတွက် ဆုဖလားရရှိနိုင်မယ့် အခွင့်အရေးဟာ နီးစပ် နေပြီလို့ ယူဆမိပါတယ်”ဟု ပြောဆိုခဲ့သည်။