
03 October 2011

အာဆင်နယ်အသင်းနည်းပြ အာဆင်ဝင်းဂါးသည် ၎င်း၏ တိုက်စစ်မှူး ဗန်ပါစီ ကို မန်စီးတီးအသင်း က ခေါ်ယူရန် စိတ် ၀င်စားနေသည့်အပေါ် စိတ်ဆိုးဒေါသထွက်ခဲ့ကြောင်း သိရသည်။ အာဆင်နယ် တိုက်စစ်မှူး ဗန်ပါစီ သည် ပြောင်းလဲပြုပြင်မှုများ ပြုလုပ်ရန် စီစဉ်နေသော မန်စီးတီးအသင်း၏ အဓိက ပစ်မှတ်ထားခံရသူ ဖြစ်လာပြီဟု သတင်း များ ထွက်ပေါ်နေသည်။ မန်စီးတီးအသင်းသည် ပြီးခဲ့ သည့် နွေရာ သီ အပြောင်း အရွှေ့တွင် အာဆင်နယ် အသင်း မှ နာဆရီ နှင့် ကလစ်ချီ တို့နှစ်ဦးကို ခေါ်ယူခဲ့သည်။ ယခုအခါ အသင်းနှင့် ပြသာနာဖြစ်နေသာ တိုက်စစ်မှူး တီဗက်ဇ် နေရာတွင် အစားထိုင်းရန်အတွက် ဗန်ပါစီကို စိတ်ဝင် စားနေခြင်းဖြစ်သည်။
ဗန်ပါစီ သည် အာဆင်နယ်အသင်းနှင့် ၂၀၁၃အထိ စာချုပ်ချုပ်ဆိုထားပြီး အာဆင်နယ်အသင်း၏ စာချုပ်သစ် ကမ်း လှမ်းမှုကို ငြင်းပယ်ထားသူဖြစ်သည်။ ထို့ကြောင့် မန်စီးတီးနှင့် ဗန်ပါစီ တို့၏ သတင်းမှာ ပိုမိုပျံ့နှံ့လာခဲ့သည်။ သို့သော် အာဆင်ဝင်းဂါး က အဆိုပါသတင်းများနှင့် ပတ်သက်၍ စိတ်ဆိုးဒေါသထွက်ခဲ့သည်။ ၀င်းဂါးက " ဘယ်သူ့ကိုမဆို ကျွန်တော် ကစားသမားတွေကို ခေါ်ယူချင်တယ်ဆိုရင် ကျွန်တော်ဆီ ဖုန်းခေါ်နိုင်ပါတယ်၊ မန်စီးတီးအသင်းနဲ့ ပတ်သတ် လို့ ကျွန်တော်မပျော်ရွှင်ခဲ့ဘူးလို့ ဘယ်တုန်းကမှ မပြောခဲ့ပါဘူး၊ ဒါပေမယ့် အပြောင်းအရွှေ့နဲ့ ပတ်သက်လို့ ကျွန်တော် တို့ဘာကြောင့် ပြောဆိုနေရတာလဲ ကျွန်တော်မသိဘူး၊ ဗန်ပါစီရဲ့ စာချုပ်သက်တမ်းဟာ ၂၀၁၃ အထိပါ၊ ဒီသတင်းတွေဟာ ဖန်တီးထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ၊ အဲ့ဒီအပေါ် ယုံကြည်လို့မရပါဘူး" ဟု ပြောကြားခဲ့သည်။
မန်ယူအသင်းနည်းပြ ဖာဂူဆန် က နောဝစ်ခ်ျ အသင်းအား ၂း ၀ ဖြင့် အနိုင်ရရှိခဲ့သော်လည်း ၎င်းတို့အသင်း သည် ခြေစွမ်းပြကစားနိုင်ခဲ့ခြင်း မရှိခဲ့ကြောင်း ၀န်ခံပြောကြားလိုက်သည်။ မန်ယူအသင်းသည် ယင်းပွဲစဉ်တွင် အိမ် ကွင်း ၁၉ ပွဲဆက်တိုက် အနိုင်ရရှိခဲ့သည့် စံချိန်ကို ဆက်လက်ထိန်းနိုင်ခဲ့သည်။ မန်ယူအသင်းသည် အိမ်ကွင်းရှုံးပွဲ မရှိခဲ့ သည်မှာ ပြီးခဲ့သည့်ဘောလုံးရာသီကတည်းက ဖြစ်သည်။ ဖာဂူဆန်က " လက်ရှိဘောလုံးနှစ်ရာသီမှာ ကျွန်တော်တို့ရဲ့ အိမ်ကွင်းရလဒ်ကတော့ အရမ်းကိုကောင်းမွန်ပါတယ်၊ နော်ဝစ်ခ်ျ အသင်းနဲ့ ပွဲစဉ်မှာတော့ ကျွန်တော်တို့ အကောင်းဆုံး မကစားနိုင်ခဲ့ပါဘူး၊ ဒါပေမယ့် ကျွန်တော်တို့ ဘယ်တော့မှ အရှုံးပေးတက်လေ့ရှိတဲ့ အသင်းမဟုတ်ပါဘူး" ဟု ဆိုသည်။
ထို့နောက် ဖာဂူဆန်က အန်ဒါဆန် အဖွင့်ဂိုးကို မသွင်းယူမှီ အချိန်တွင် ၎င်းတို့အသင်းသည် ရှုံးနိမ့်နိုင်ရန် ပင်နီးစပ်ခဲ့သည်ဟု ၀န်ခံခဲ့သည်။ သူက " အန်ဒါဆန် ရဲ့ ခေါင်းတိုက်ဂိုးဟာ ကျွန်တော်မမျှော်လင့်ထားတဲ့ ဂိုး ပါ၊ ရှေ့တန်းမှာ ကစားသမားတစ်ဦးထည့်သွင်း ကစားဖို့ လိုတယ်လို့ ကျွန်တော်ထင်လို့ ၀ဲလ်ဘက်ခ် ကို ၀င်ကစားစေ ခဲ့ပါတယ်၊ ၀ဲလ်ဘက်ခ် ဟာ အသင်းရဲ့ လိုအပ်နေတဲ့နေ့မှာ အကောင်းဆုံး ကစားနိုင်ခဲ့သလို ဂိုးလည်း သွင်းယူနိုင်ခဲ့ ပါ တယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။