lastest News

ရွန်းနေကို အခွင့်အရေး မပေးတော့ဘူးဆိုတဲ့ ရစ်ချက်

Print PDF
AddThis Social Bookmark Button

 

 

  မန်စီးတီး နောက်ခံလူ မီကာရစ်ချက်က ၎င်းအနေဖြင့် ယမန်နှစ်ရာသီ မန်ချက်စတာ ဒါဘီပွဲစဉ်တွင် သွင်းယူခဲ့သည့် မန်ယူတိုက်စစ်မှူး ရွန်းနေ၏ နောက်ပြန် ကန်ချက်ဂိုးကို ယခုအချိန်အထိတိုင် မမေ့သေးကြောင်း ပြောကြားလိုက်သည်။ ယင်းပွဲစဉ်သည် မန်ယူအသင်း၏ အိုးလ်ထရက်ဖို့ဒ်ကွင်းတွင် ကစားခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က မန်ယူ အသင်းသည် မန်စီးတီး အသင်းကို ၂း၁ ဖြင့် အနိုင်ရရှိခဲ့သည်။ မနက်ဖြန်တွင်လည်း အဆိုပါနှစ်သင်းသည် အိုးလ်ထရက်ဖို့ဒ်ကွင်း၌ပင် ထပ်မံ၍ အားစမ်း ရင်ဆိုင်ကြဦးမည် ဖြစ်သည်။
     အဆိုပါ ပွဲစဉ်တွင် သွင်းယူခဲ့သည့် ရွန်းနေ၏ ဂိုးသည် ယမန်နှစ်ရာသီ တစ်ရာသီအတွင်း အကောင်းဆုံးဂိုးဖြစ်ပြီး မန်စီးတီး အသင်း၏ ချန်ပီယံမျှော်လင့်ချက် ကိုလည်း မှေးမှိန်စေခဲ့သည်။ ယင်းဖြစ်ရပ်သည် ယခုတွင် ၈ လကြာမြင့်နေပြီ ဖြစ်သော်လည်း နောက်ခံလူ မီကာရစ်ချက်က “ကျွန်တော့်အနေနဲ့ ဒီအဖြစ်အပျက်ကို သတိရနေတုန်းပါဘဲ။ အဲဒါကို ကျွန်တော် ဘယ်လိုလုပ်ပြီး မေ့နိုင်မှာလဲ။ ရွန်းနေရဲ့ ဂိုးကတော့ အကောင်းဆုံး ဂိုးဖြစ်သလို အလွန်ကို အံ့အားသင့်ဖို့ ကောင်းတဲ့ဂိုး ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အနေနဲ့ မနက်ဖြန်မှာ ရွန်းနေကို ထပ်ပြီး အခွင့်အရေးမပေးတော့ဘဲနဲ့ ထိန်းချုပ်ကစားသွားမှာပါ။ သူကတော့ မနှစ်က ကျွန်တော်တို့ ဘက်ကို သွင်းယူနိုင်ခဲ့တဲ့ ဂိုးကြောင့် အလွန်အမင်း ယုံကြည်မှုတွေ မြင့်မားနေမယ်ထင်ပါတယ်။ ဒါပေမယ့် မနက်ဖြန်မှာ ကျွန်တော်တို့ အသင်းက ဒီဂျောင်က ရွန်းနေကို ထိန်းချုပ်ကစားနိုင်မယ်လို့ ယုံကြည်ပါတယ်”ဟု ပြောဆိုခဲ့သည်။
     အသက် ၂၃ နှစ် အရွယ်ရှိ မီကာရစ်ချက်သည် မန်စီးတီးအသင်းအတွက် ၁၉၈ ပွဲကစားထားပြီး အသင်း၏ ကာလရှည် ၀ါရင့် ကစားသမားတစ်ဦးဖြစ်သည့် အပြင် မနက်ဖြန် မန်ချက်စတာ ဒါဘီပွဲစဉ် ကစားမည့်နေ့သည် အသင်းအတွက် ထူးခြားသည့် နေ့တစ်နေ့ဖြစ်သည်ဟု ခံယူထားသည့် ကစားသမားတစ်ဦး ဖြစ်ကြောင်း သိရသည်။