
| 03 February 2012

အင်တာ နောက်ခံလူ ဇနက်တီက ၎င်းအနေဖြင့် ပါလာမို အသင်းနှင့် တစ်ဖက် ၄ ဂိုးစီ သရေကျခဲ့သည့် အိမ်ကွင်း စီးရီးအေ ပွဲစဉ်တွင် အသင်း ပရိသတ်များနှင့် ခွန်းတုံ့ပြန်အချင်းများခဲ့ခြင်းမှာ မဟုတ်မှန်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါ ပွဲစဉ်တွင် ပွဲအပြီး၌ အသင်းရလဒ်အတွက် ဒေါသထွက်နေသည့် ပရိသတ်များနှင့် ဇနက်တီတို့မှာ အချင်းများခဲ့ကြောင်း အီတလီ သတင်း မီဒီယာများက ဖော်ပြခဲ့ကြသည်။ ယင်းနှင့်ပတ်သက်၍ ဇနက်တီက အသင်းဖော်တစ်ဦးကို စော်ကားသည့် ပရိသတ်တစ်ဦးနှင့်သာ အချင်းများခဲ့ခြင်းဖြစ်ကြောင်း၊ မိမိအနေဖြင့် အသင်းပရိသတ်များကို လေးစားပါကြောင်း၊ ပွဲအပြီး တွင် စိတ်လှုပ်ရှားမှုများစွာကို မြင်တွေ့ခဲ့ရပေမယ့်၊ မိမိမှာ ထိုကဲ့သို့သော အပြုအမူမျိုးမလုပ်ခဲ့ကြောင်း ပြန်လည်ပြောကြားခဲ့သည်။ အလားတူ ယင်းပွဲစဉ်တွင် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် အင်တာ ကွင်းလယ်လူ ရှနိုက်ဒါမှာလည်း မနက်ဖြန် ရိုးမားအသင်းနှင့် စီးရီးအေ ပွဲစဉ်တွင် အသင်းအတွက် ပါဝင်ကစားဖွယ်ရှိကြောင်း သိရသည်။