Latest News

အီဘရာဟင်မိုဗစ် ၃ ပွဲပယ်ခံရ

Print PDF

Share this post

 

 

  မီလန်အသင်း တိုက်စစ်မှူး အီဘရာဟင်မိုဗစ်သည် နာပိုလီ အသင်းနှင့် ဂိုးမရှိ သရေကျခဲ့သည့် ပွဲစဉ်တွင် ပြိုင်ဘက် ကစားသမားဖြစ်သူ ဆေဗာတိုရီကို ကစားပုံ ကြမ်းတမ်းခဲ့၍ အနီကဒ်ပြ ထုတ်ပယ်ခြင်း ခံခဲ့ရသည်။ အလားတူ ယင်းဖြစ်ရပ်ကြောင့် အဆိုပါ တိုက်စစ်မှူးမှာ ၃ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရကြောင်း သိရသည်။ နာပိုလီ အသင်းနှင့် ပွဲအပြီးတွင် မီလန်အသင်းနည်းပြ အလီဂရီက အီဘရာဟင်မိုဗစ်၏ အနီကဒ်မှာ ထိုက်တန်ကြောင်း ပြောကြားခဲ့သည်။ မီလန် အသင်းသည် အဆိုပါ တိုက်စစ်မှူး၏ ပွဲပယ်ပြစ်ဒဏ်များအတွက် အယူခံ ၀င်သွားမည် ဖြစ်ကြောင်း သိရသည်။ ယခုလို ပွဲပယ်ခံရခြင်းကြောင့် ဘာစီလိုနာ တိုက်စစ်မှူးဟောင်း အီဘရာဟင်မိုဗစ်မှာ လာမည့် စီးရီးအေ ပွဲစဉ် ၃ ပွဲဖြစ်သည့် အူဒီးနီးစ်၊ ဆီစီနာ၊ ဂျူဗင်တပ် အသင်းတို့နှင့် ကစားမည့် ပွဲစဉ်များတွင် မီလန်အသင်းအတွက် ပါဝင် ကစားနိုင်မည် မဟုတ်ပေ။