Latest News

စီးရီးအေကို ဘာလိုတယ်လီ ပြန်လည်ပြောင်းရွှေ့မှာလား....?

Print PDF

Share this post

 

 

  မီလန်အသင်းသည် လာမည့် နွေရာသီတွင် မန်စီးတီးအသင်းမှ တိုက်စစ်မှူး ဘာလိုတယ်လီကို ခေါ်ယူရန် အသင့်ဖြစ်နေသည်။ သို့သော်လည်း အဆိုပါ တိုက်စစ်မှူးသည် မန်စီးတီး အသင်းနှင့် ၁၈ လ စာချုပ် ကျန်နေသေး၍ ယခင်က ၎င်းကျင်လည်ရာ စီးရီးအေသို့ ပြန်မည့် အစီအစဉ်ကို လက်မခံခဲ့ပေ။ ဘာလိုတယ်လီမှာ လွန်ခဲ့သည့် ၂၀၁၀ ခုနှစ်တွင် အင်တာအသင်းမှ မန်စီးတီးအသင်းသို့ ရောက်ရှိလာခဲ့သူဖြစ်သည်။ အသက် ၂၁ နှစ် အရွယ်ရှိ တိုက်စစ်မှူး ဘာလိုတယ်လီသည် ယခုရာသီတွင် အသင်းအတွက် ၁၂ ဂိုးသွင်းယူထားပြီး စပါးအသင်း ကွင်းလယ်လူ ပါကားကို အဖျက်ကြမ်းခဲ့၍ ယခုတွင် ၄ ပွဲပယ် ပြစ်ဒဏ် ကျခံနေရသူဖြစ်သည်။ ဘာလိုတယ်လီ၏ အေးဂျင့်ဖြစ်သူ ရီအိုလက မိမိ၏ ကစားသမားမှာ မန်စီးတီးအသင်း၌သာ ဆက်လက်ရှိနေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဘာလိုတယ်လီသည် ယခုရာသီတွင် ပြဿနာအစွန်းအထင်းများ ရှိနေသော်လည်း မန်စီးတီး အသင်းအတွက် ခြေစွမ်းပြ ကစားနေသည့် တိုက်စစ်မှူးလည်း ဖြစ်သည်။