Latest News

အသင်းအတွက် ဂိုးသွင်းနိုင်ခဲ့၍ လိုပက်ဇ် ပျော်ရွှင်

Print PDF

Share this post

 

   မီလန်အသင်း တိုက်စစ်မှူး လိုပက်ဇ်က အူဒီးနီးစ် အသင်းအား ၂း၁ ဖြင့် အနိုင်ရရှိခဲ့သော ပွဲစဉ်တွင် ဂိုးသွင်းယူနိုင်သည့်အတွက် ပျော်ရွှင်ကြောင်းနှင့် မိမိအတွက် အိမ်မက်တစ်ခုကဲ့သို့ပင် ဖြစ်ကြောင်း ပြောကြားလိုက်သည်။
   ယင်းပွဲစဉ်တွင် အူဒီးနီးစ် အသင်း တိုက်စစ်မှူး ဒီနာတယ်လီက အဖွင့်ဂိုးကို စောစီးစွာ သွင်းယူနိုင်ခဲ့ပြီး အူဒီးနီးစ်အသင်းကို အသာရရှိစေခဲ့သော်လည်း လူစားဝင်လာသူ လိုပက်ဇ်က မီလန်အသင်းအတွက် ချေပဂိုးကို သွင်းယူပေးခဲ့ပြီး လူငယ် တိုက်စစ်မှူး ရှာဇာဝီက ၈၅ မိနစ် တွင် မီလန် အသင်းအတွက် အနိုင်ဂိုးကိုသွင်းယူပေးခဲ့သည်။ ထို့ကြောင့် ပွဲအပြီးတွင် မီလန်အသင်းက အူဒီးနီးစ် အသင်းကို ၂း၁ ဖြင့် အနိုင်ရရှိခဲ့သည်။ လိုပက်ဇ်က အူဒီးနီးစ်အသင်းအား အနိုင်ရရှိခဲ့သောပွဲစဉ်တွင် အလွန်အရေးပါကြောင်းနှင့် ထိုပွဲစဉ်တွင် ဂိုးသွင်းယူနိုင်သည့် အတွက် ပျော်ရွှင်ကြောင်းဆိုသည်။
   သူက အသင်းအတွက်ဂိုးသွင်းနိုင်ဖို့ ကျွန်တော် အမြဲတမ်း အိပ်မက်မက် ခဲ့တာကြောင့် ယခုလို ဂိုးသွင်းနိုင်တဲ့အတွက် ပျော်ရွှင်မိပါတယ်။ ဒီနိုင်ပွဲဟာ အသင်းကို ရှေ့ဆက်နိုင်ဖို့ ယုံကြည့်မှုတွေပေးတာကြောင့်အသင်းအတွက်တော့ အလွန်အရေးပါတဲ့ နိုင်ပွဲပါ။ ပွဲစဉ်တိုင်းမှာ အနိုင် ၃ မှတ်ရယူဖို့ ကျွန်တော်တို့ဆက်လက်ကြိုးစားသွားမှာပါဟု ပြောကြားသွားခဲ့သည်။
   လိုပက်ဇ်သည် ကာတားနီးယား အသင်းမှ မီလန်အသင်းသို့ အငှားဖြင့် လာရောက်ကစားနေသူဖြစ်သည်။ မီလန်အသင်းသည် ယခုအပတ်တွင် အာဆင်နယ် အသင်းနှင့် ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး တနင်္ဂနွေတွင် ဆီနာအသင်းနှင့် စီးရီးအေပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။