| 21 February 2012

အင်တာ ကွင်းလယ်လူ ရှနိုက်ဒါသည် ၎င်းအနေဖြင့် ရုရှားကလပ် ဇင်းနစ် အသင်းထံမှ ကမ်းလှမ်းမှု တစ်ခုကို ငြင်းဆိုခဲ့ကြောင်း ပြောကြားခဲ့သည်။ လွန်ခဲ့သည့် ရုရှားပြည်တွင်းလိဂ် အပြောင်းအရွှေ့ရာသီက ဇင်းနစ် အသင်းမှာ အင်တာအသင်းတွင် ပုံမှန် ခြေစွမ်းမရ ဖြစ်နေသည့် ရှနိုက်ဒါကို ခေါ်ယူရန် ကမ်းလှမ်းခဲ့သည်။ ရှနိုက်ဒါက ဇင်းနစ်အသင်း၏ ကမ်းလှမ်းမှုမှာ အမှန်တကယ်ကို စိတ်ဝင်စားဖို့ ကောင်းကြောင်း၊ သူတို့ကလည်း မိမိကို ခေါ်ယူချင်နေပေမယ့် ယင်းကို မိမိက လက်မခံခဲ့ကြောင်း၊ အကြောင်းမှာ အင်တာ အသင်းမှ ထွက်ခွာရန် အချိန် မတန်သေး၍ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ရှနိုက်ဒါသည် ဟော်လန် အသင်းနှင့် အင်တာ အသင်းတို့တွင် အားကိုးရသည့် ကွင်းလယ်လူတစ်ဦး ဖြစ်သော်လည်း ယခုရာသီတွင် ဒဏ်ရာပြဿနာများကြောင့် ခြေစွမ်းများ ကျဆင်းနေသူ ဖြစ်သည်။ အဆိုပါ ကွင်းလယ်လူသည် မန်ယူအသင်းနှင့် အပြောင်းအရွှေ့ သတင်းများ ထွက်ပေါ်နေသူလည်း ဖြစ်သည်။