| 23 February 2012

လာမည့် နွေရာသီတွင် လီဗာပူး တိုက်စစ်မှူး ဆွာရက်ဇ်အား ဂျူဗင်တပ်အသင်းက ခေါ်ယူလိုကြောင်း သိရသည်။ ဂျူဗင်တပ် အသင်းသည်
လာမည့်ရာသီ ချန်ပီယံလိဂ်တွင် အောင်မြင်မှုများ ရရှိရန် အတွက် ဥရုဂွေး တိုက်စစ်မှူး ဆွာရက်ဇ်ကို ခေါ်ယူလိုခြင်းဖြစ်သည်။
ဆွာရက်ဇ်သည် လွန်ခဲ့သည့် လူမျိုးရေး ခွဲခြားမှုတစ်ခုကို မန်ယူအသင်း နောက်ခံလူ အီဗရာအား ပြုလုပ်ခဲ့ပြီး အသင်းကိုလည်း အရှက်ရစေခဲ့၍ လီဗာပူး အသင်းက ၎င်းအား ရောင်းထုတ်ရန် ဆန္ဒရှိ နေသည်။ ထို့အပြင် အဆိုပါ တိုက်စစ်မှူးသည် လွန်ခဲ့သည့် ပွဲစဉ်တစ်ခုတွင် နောက်ခံလူ အီဗရာ၏ လက်ဆွဲနှုတ်ဆက်ရန် ငြင်းပယ်ခဲ့ခြင်းကြောင့် လီဗာပူး အသင်းမှ တာဝန်ရှိသူ များ၏ ဝေဖန်ခြင်းကို ခံထားခဲ့ရသူဖြစ်သည်။ ဆွာရက်ဇ်ကို လီဗာပူး အသင်းက ပေါင် သန်း ၃၀ ဟု ဈေးနှုန်း သတ်မှတ်ထားကြောင်း သိရသည်။