ကာလရှည် နားရမည့် မိုင်ကွန်

Print PDF

Share this post

 

 

  အင်တာအသင်းမှ ညာနောက်ခံလူ မိုင်ကွန်သည် ဒူးဒဏ်ရာကြောင့် ရက်သတ္တပတ် ၃ ပတ် အထက် အနားယူရမည်ဟု သိရသည်။ အဆိုပါ ဘရာဇီး ခံစစ်မှူးသည် မာဆေးလ်အသင်းကို ၁းဝ ဖြင့် ရှုံးနိမ့်ခဲ့သော အဝေးကွင်း ချန်ပီယံလိဂ် ပွဲစဉ်တွင် ယင်းဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းဒဏ်ရာကြောင့် မိုင်ကွန်မှာ အချိန်မည်မျှ အနားယူရမည်ဟု အင်တာအသင်းက မထုတ်ပြန်သော်လည်း ခန့်မှန်းခြေအရ ၂ ပတ်မှ ၃ ပတ်ခန့်အထိ အနားယူရမည်ဖြစ်သည်။ အသက် ၃၀ အရွယ်ရှိ မိုင်ကွန်သည် နာပိုလီ၊ ကာတားနီးယား၊ ချီယေးဗိုး အသင်းတို့နှင့် ကစားမည့် စီးရီးအေ ပွဲစဉ်အပြင် မာဆေးလ် အသင်းနှင့် ချန်ပီယံလိဂ် အိမ်ကွင်းပွဲစဉ်တို့ကို လွဲချော်ဖွယ်ရှိနေသည်။ အင်တာ အသင်းသည် ယခုရာသီ ပြိုင်ပွဲအရပ်ရပ်တွင် ရလဒ်များ ကျဆင်းနေသည့် အသင်းလည်းဖြစ်သည်။