lastest News

ဟာနန်ဒက်ဇ်ကို ရီးရဲလ်က ပေါင်သန်း ၃၀ဖြင့် ခေါ်ယူရန် စီစဉ်နေ

Print PDF
AddThis Social Bookmark Button

 

  ရီးရဲလ်အသင်းသည် မန်ယူတိုက်စစ်မှူး ဟာနန်ဒက်ဇ်ကို ပေါင်သန်း ၃၀ ဖြင့် ခေါ်ယူရန် စီစဉ်နေကြောင်းသိရသည်။ အဆိုပါ မက္ကဆီကို တိုက်စစ်မှူးသည် ရီးရဲလ်အသင်းမှ ခေါ်ယူလိုသည့် ကစားသမား စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေသည်။ သို့သော် မန်ယူ နည်းပြ ဖာဂူဆန်သည် အသက် ၂၃ နှစ်အရွယ်ရှိ ဟာနန်ဒက်ဇ်ကို လက်လွှတ်ရန် ဆန္ဒမရှိပေ။
     မန်ယူအသင်းသည် ဟာနန်ဒက်ဇ်ကို လက်ရှိ လုပ်အားခ ပေါင် ၂ သောင်းခွဲမှ ပေါင် ၇ သောင်းခွဲအထိ တိုးလာစေမည့် ၅ နှစ် စာချုပ်သစ်ကို ချုပ်ဆိုရန် ဆန္ဒရှိနေသည်။ သို့သော် ရီးရဲလ်အသင်းသည် ယင်းပမာဏထက် ၂ ဆတိုးပေးကာ ဟာနန်ဒက်ဇ်ကို အရ ခေါ်ယူရန် ဆန္ဒရှိနေသည်။ ရီးရဲလ် နည်းပြ မော်ရင်ဟိုသည် ဟာနန်ဒက်ဇ်သည် မန်ယူအသင်းအတွက် ဂိုး ၂၀ သွင်းယူထားသူ ဖြစ်ပြီး လက်ရှိတွင်လည်း တိုက်စစ်မှူး ရွန်းနေနှင့် အတွဲညီညီ ခြေစွမ်းပြ နိုင်သူဖြစ်သည်။
     မန်ယူအသင်းသည် ယမန်နှစ်ရာသီက ၁၉ ကြိမ်မြောက် အမှတ်ပေးဖလား (ပရီးမီးယားလိဂ်) ကို ရယူခဲ့ပြီး ဟာနန်ဒက်ဇ်၏ ခြေစွမ်းများမှာလည်း အသင်း အတွက် အကောင်းဆုံး ပံ့ပိုးပေးနိုင်ခဲ့ကြောင်း သိရသည်။