
06 February 2012

ရီးရဲလ် တိုက်စစ်မှူး စီရိုနယ်ဒိုသည် အသင်းတွင် အဆင်မပြေဖြစ်နေပြီးနောက် ပရီးမီးယားလိဂ်သို့ ပြန်လာရန် စဉ်းစားနေပြီ ဖြစ်သည်။
အဆိုပါ အသက် ၂၇ နှစ်အရွယ်ရှိ ပေါ်တူဂီ တိုက်စစ်မှူးသည် ရီးရဲလ်အသင်းနှင့် အဆင်မပြေနေပြီး ၎င်း၏ ပရီးမီးယားလိဂ်သို့ ပြောင်းရွှေ့လိုသည့် အိပ်မက်ကို မိတ်ဆွေများအား ပြောကြား ခဲ့သည်။ ရီးရဲလ်သင်း ပရိသတ်များနှင့် နားလည်မှု လွဲနေရာမှ အစပြု၍ စီရိုနယ်ဒိုနှင့် ရီးရဲလ် အသင်းတို့အကြား ဆက်ဆံရေးမှာ ပိုမို တင်းမာ လာခဲ့သည်။ ရီးရဲလ်အသင်းသည် ယခုရာသီတွင် လာလီဂါ ချန်ပီယံဆုကို ၎င်းတို့၏ အဓိက ပြိုင်ဘက် ဘာစီလိုနာအသင်းထံမှ ပြန်လည်ရယူရန် နီးစပ်နေပြီ ဖြစ်သည်။
အကယ်၍ စီရိုနယ်ဒိုမှာ ရီးရဲလ်အသင်းကို ကျောခိုင်းခဲ့ပါက ၎င်းကို မန်စီးတီး အသင်းက ဦးစွာ ခေါ်ယူဖွယ်ရှိနေသည်။ အဆိုပါ ပေါ်တူဂီ တိုက်စစ်မှူး၏ အသင်းဟောင်းဖြစ်သည့် မန်ယူအသင်းမှာ ၎င်းကို ပြန်လည်ခေါ်ယူရန် ဆန္ဒမရှိပေ။ ရီးရဲလ်အသင်းသည် စီရိုနယ်ဒိုကို မန်ယူအသင်းမှ စံချိန်တင် ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူခဲ့သည်။