လက်ရှိ ချန်ပီယံဆုကို လက်လွှတ်ရဖွယ် ရှိနေသည့် ဘာစီလိုနာ

Print PDF

Share this post

 

 

  စပိန်နည်းပြ ဒယ်လ်ဘော့စကေးက ယခုရာသီ လာလီဂါတွင် ဘာစီလိုနာ အသင်းအနေဖြင့် ရီးရဲလ်အသင်းကို အမီလိုက်ရန် မလွယ်ကူကြောင်း ပြောကြား လိုက်သည်။ ဘာစီလိုနာ အသင်းသည် လက်ရှိ ချန်ပီယံဖြစ်သော်လည်း လွန်ခဲ့သည့် ရက်သတ္တပတ်တွင် အိုဆာဆူနာ အသင်းကို ၃း၂ ဖြင့် ရှုံးနိမ့်ခဲ့သောကြောင့် ယခုရာသီ လာလီဂါ အမှတ်ပေး ဇယားတွင် အဆင့် ၁ နေရာမှ ရီးရဲလ် အသင်း၏ ၁၀ မှတ်ဖြတ်ခြင်းကို ခံထားရသည်။ နည်းပြ ဒယ်လ်ဘော့စကေးက ရီးရဲလ်မှာ ဘာစီလိုနာထက် ၁၀ မှတ်သာနေပြီ ဖြစ်ကြောင်း၊ သို့သော်လည်း ပွဲစဉ်များ ကျန်ရှိနေသေး၍ ပြိုင်ပွဲ၏ ချန်ပီယံကို မသိရသေးကြောင်း၊ ပြောကြားခဲ့သည်။ စာချုပ်သက်တမ်း ကုန်ဆုံးပါက စပိန်နည်းပြ အဖြစ်မှ အနားယူမည်ဟု ပြောကြားခဲ့ဖူးသည့် ဒယ်လ်ဘော့စကေးက ဘာစီလိုနာနှင့် ဘီဘာအိုလ်တို့ ကစားမည့် စပိန်ဘုရင့်ဖလား ဖိုင်နယ် ပွဲစဉ်နှင့် ပတ်သက်၍ ယခုပွဲစဉ်မှာ ကစားသမားများနှင့် ပရိသတ်များအတွက် စွဲမက်စရာ ပွဲစဉ်ဖြစ်ကြောင်း၊ သို့ဖြစ်၍ လူတိုင်းကလည်း ယင်းပွဲစဉ်ကို အကောင်းဆုံးနှင့် အဖြစ်နိုင်ဆုံး ကွင်းတွင် ကျင်းပရန် မျှော်လင့်ထားကြောင်း၊ ယခုကိစ္စမှာ စပိန်ဘောလုံး အဖွဲ့ချုပ်၏ သဘောအတိုင်း ဆိုပေမယ့် ကလပ်အသင်းများ၏ ဆန္ဒလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။