20 February 2012

ဗလင်စီယာ အသင်းမှ အဓိက ကွင်းလယ်လူ အဲဗားဘာနီဂါသည် ၎င်း၏ ကိုယ်ပိုင်ကားဖြင့် တိုက်မိခဲ့၍ ခြေချင်းဝတ် ကျိုးဒဏ်ရာရခဲ့ပြီး ယင်းအတွက် ၆ လ ခန့်အနားယူရမည် ဖြစ်သည်။
ဘာနီဂါသည် စက်သုံးဆီအရောင်းဆိုင်တွင် ၎င်း၏ ကားကို ဟမ်းဘရိတ်မဆွဲဘဲ ရပ်ထားရာ ကားမှာ အနောက်သို့ ပြန်လိမ့်လာပြီး ဘာနီဂါ၏ ခြေထောက်ကိုပါ တက်ကြိတ်သွားခဲ့သည်။ ဘာနီဂါ၏ ဖြစ်ရပ်သည် ယမန်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းနှင့်ပတ်သက်၍ ဗလင်စီယာ အသင်းကလည်း ဘာနီဂါမှာ ၎င်း၏ ကားဖြင့် ယမန်နေ့ လေ့ကျင့်ရေး အပြီးတွင် တိုက်မိခဲ့၍ ဘယ်ဘက် ခြေထောက် ဒဏ်ရာရရှိကာ အရိုးများ ကျိုးသွားခဲ့ကြောင်း၊ ယင်းအတွက် ဘာနီဂါမှာ ယနေ့တွင် ဆေးကုသမှုခံယူမည်ဖြစ်ပြီး ခွဲစိတ်ကုသမှုများ ပြုလုပ်သွားရမည်ဖြစ်သည်။ အသက် ၂၃ နှစ်အရွယ် ရှိ အာဂျင်တီးနား ကွင်းလယ်လူ ဘာနီဂါသည် ဒူးဒဏ်ရာကြောင့် ယမန်နေ့ ဘာစီလိုနာအသင်းကို ဂိုးပြတ်ရှုံးနိမ့်ခဲ့သော အဝေးကွင်း လာလီဂါ ပွဲစဉ်ကိုလည်း လွဲချော်ခဲ့ရသူဖြစ်သည်။