Latest News

ဂွာဒီယိုလာကို ဘာစီလိုနာမှာ ဆက်ရှိလိုတဲ့ ပီကေးနှင့် မက်ဆီ

Print PDF

Share this post

 

 

  ဘာစီလိုနာ နောက်ခံလူ ပီကေးသည် ၎င်းတို့ နည်းပြ ဂွာဒီယိုလာကို အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုရန် ဆန္ဒရှိနေသည်။ အဆိုပါ အသက် ၄၁ နှစ်အရွယ်ရှိ နည်းပြသည် ဘာစီလိုနာ အသင်းတွင် ကာလရှည် တာဝန်ယူ ကိုင်တွယ်နေပြီး ယခုရာသီ အကုန်တွင် အသင်းနှင့် စာချုပ် ကုန်ဆုံးတော့မည် ဖြစ်သည်။ ဂွာဒီယိုလာသည် လွန်ခဲ့သည့်  ၂၀၀၈ ခုနှစ်တွင် ဘာစီလိုနာ အသင်းကို နည်းပြ အဖြစ် ကိုင်တွယ်ခဲ့ပြီးနောက် ယခုအချိန်အထိ အသင်းအတွက် ဖလား ၁၃ လုံး ရရှိခဲ့သူဖြစ်သည်။ လက်ရှိတွင် ဂွာဒီယိုလာသည် စိန်ခေါ်မှု အသစ်များကို ရင်ဆိုင်ရန် ဆန္ဒရှိနေသည်။ သို့သော် ပီကေးက နည်းပြ ဂွာဒီယိုလာ အနေဖြင့် သူ ဖြတ်သန်းခဲ့သည့် အတွေ့အကြုံကောင်းများကို ဆက်လက်ရရှိရန်အတွက် အသင်းမှ ဆက်နေသင့်ကြောင်း သတင်းထောက် များကို ပြောကြားခဲ့သည်။ ပီကေးသည် လွန်ခဲ့သည့် လေဗာကူဆင် အသင်းနှင့် ချန်ပီယံလိဂ် ရှုံးထွက် အဆင့် အဝေးကွင်း ပွဲစဉ်အတွက် အသင်းလူစာရင်းမှ ချန်လှပ်ခံရပြီးနောက် နည်းပြ ဂွာဒီယိုလာ နှင့် အချင်းများခဲ့သည်ဆိုသည့် သတင်းများကို ငြင်းဆိုခဲ့သည်။ ပီကေးက ဂွာဒီယိုလာမှာ အသင်း၏ အ၀တ်လဲခန်းအတွင်းတွင် အဓိက အကျဆုံး ဖြစ်ကြောင်း၊ မိမိအနေဖြင့် သူ၏ ဆုံးဖြတ်ချက်များကို လုံးဝ စောဒက မတက်ဘဲ လက်ခံမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကလည်း နည်းပြ ဂွာဒီယိုလာ အနေဖြင့် အသင်းနှင့် အတူ စာချုပ်သက်တမ်း တိုးသင့်ကြောင်း ပြောကြားခဲ့သည်။