Latest News

ဂွာဒီယိုလာကို ဘာစီလိုနာမှာ ဆက်နေစေလိုသည့် အဲလ်ဗက်စ်

Print PDF

Share this post

 

 

  ဘာစီလိုနာ နောက်ခံလူ ဒန်နီအဲလ်ဗက်စ်သည် ၎င်းတို့နည်းပြ ဂွာဒီယိုလာ အနေဖြင့် အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုဖြစ်လိမ့်မည်ဟု ခန့်မှန်းလိုက်သည်။ ထို့အပြင် အဆိုပါ ဘရာဇီး ခံစစ်မှူးက ဂွာဒီယိုလာ အနေဖြင့် အနာဂတ် ကိစ္စများ အတွက် ၎င်းတို့ကို ပြောကြားခြင်း မရှိကြောင်း ဆိုသည်။ ဂွာဒီယိုလာသည် အသင်းနှင့် နှစ်ရှည်စာချုပ်သစ် ချုပ်ဆိုရန် ငြင်းဆိုထားပြီး ဘာစီလိုနာ အသင်းကို စွန့်ခွာမည်ဟု သတင်းကြီးနေသူ ဖြစ်သည်။ ထို့အပြင် ယခုရာသီတွင် အနည်းငယ် ရုန်းကန်မှုများရှိနေသည့် ဘာစီလိုနာ အသင်းကြောင့် ဂွာဒီယိုလာ၏ အခန်းကဏ္ဍမှာ အဆုံးသတ်ရန် တွန်းအားပေးသလို ဖြစ်နေသည်။ သို့သော် အဲလ်ဗက်စ်က ဂွာဒီယိုလာ အနေဖြင့် အသင်းနှင့် အတူ စာချုပ်သစ် ချုပ်ဆိုဖြစ်လိမ့်မည်ဟု ယူဆကြောင်း၊ သူမရှိတော့လျှင် မိမိတို့ အသင်းလည်း ဘာမှ မဟုတ်တော့ကြောင်း၊ တကယ်လို့ သူ အသင်းကို စွန့်ခွာသွားပါက ယင်းမှာ မိမိအတွက် အံ့အားသင့်စရာပင် ဖြစ်ကြောင်း၊ သူ (ဂွာဒီယိုလာ) ဟာ လာလီဂါကို ပိုမို ပြိုင်ဆိုင်မှု ပြင်းထန်အောင် လုပ်ပေးနေသူ ဖြစ်ကြောင်း။ မိမိအနေဖြင့် အသင်းမှာ ရှိနေခြင်းကို သူ့အား၊ ကျေးဇူးတင်ကြောင်း၊ သူ့ကြောင့် မိမိမှာ ဆုဖလားများစွာကို ရယူနိုင်ခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့သည်။

  ယခုရာသီ လာလီဂါတွင် အမှတ်ပေးဇယား အဆင့် ၂ မှ ဘာစီလိုနာ အသင်းသည် အဆင့် ၁ နေရာမှ ရီးရဲလ် အသင်းနှင့် ၁၀ မှတ်အထိ ကွာဟနေပြီဖြစ်သည်။ သို့သော်လည်း အဲလ်ဗက်စ်က ၎င်းတို့ အနေဖြင့် ၄ ကြိမ်မြောက် လာလီဂါ ချန်ပီယံဖြစ်ရန် အတွက် လက်မလျှော့ကြောင်း ပြောကြားခဲ့သည်။