အသင်းဟောင်းသို့ ပြန်လာရန် နီးစပ်နေသည့် စီရိုနယ်ဒို

Print PDF

Share this post

 

 

   ရီးရဲလ် တိုက်စစ်မှူး စီရိုနယ်ဒိုက ၎င်းအနေဖြင့် မန်ယူအသင်းသို့ ပြန်လည် ပြောင်းရွှေ့ဖွယ် ရှိကြောင်း အသင်းဖော်ဟောင်း ဖာဒီနန်ကို ပြောကြား လိုက်သည်။ ရေးဆင်း အသင်းကို အနိုင်ရခဲ့သည့် လာလီဂါ ပွဲစဉ်အပြီး ဖာဒီနန်နှင့် မန်ယူ တိုက်စစ်မှူးဟောင်း စီရိုနယ်ဒိုတို့မှာ ရုပ်သံတွေ့ဆုံခန်းတစ်ခုတွင် အတူ ဆွေးနွေး ခဲ့ကြသည်။ မန်ယူသို့ ပြန်လာနိုင်ဖွယ်ရှိ...မရှိကို ဖာဒီနန်က မေးမြန်းရာတွင် စီရိုနယ်ဒိုက ယင်းမှာ အတိအကျ ပြော၍ မရသည့် ကိစ္စဟုဆိုကာ ပြုံး၍နေခဲ့သည်။ ဆက်လက်ပြီး ရိုနယ်ဒိုက ၎င်းအနေဖြင့် ယခုရာသီတွင် လာလီဂါ ဂိုး ၄၀ စံချိန်ကို ချိုးဖျက်ပြမည်ဟု ဆိုခဲ့သည်။ ပေါ်တူဂီစတား ရိုနယ်ဒိုသည် ရီးရဲလ်အသင်းတွင် ခြေစွမ်းပြကာ အရေးပါသည့် ဂိုးများကို သွင်းယူနေသူဖြစ်ပြီး နောက်ကွယ်တွင် အသင်းနှင့် အဆင်မပြေ ဖြစ်နေပြီး အသင်းမှ လာမည့် နွေရာသီတွင် ထွက်ခွာခွင့် ရရှိဖွယ် ရှိနေသည်။