24 February 2012

ဘာစီလိုနာ တိုက်စစ်မှူး ဒေးဗစ်ဗီလာသည် လာမည့် ဧပြီလအတွင်းတွင် အသင်းအတွက် ပြန်လည်ကစားနိုင်ဖွယ် ရှိနေသည်။
အဆိုပါ အသက် ၃၀ အရွယ်ရှိ စပိန်တိုက်စစ်မှူးသည် လွန်ခဲ့သည့် ဒီဇင်ဘာလက ကျင်းပခဲ့သည့် ကမ္ဘာ့ကလပ် ချန်ပီယံများ ဖလားပြိုင်ပွဲတွင် ခြေကျိုးဒဏ်ရာ ရရှိခဲ့ပြီး ယူရို ၂၀၁၂ မတိုင်ခင် ကြံ့ခိုင်မှုပြည့်ဝရန် ရုန်းကန်နေရသူဖြစ်သည်။ ဒေးဗစ်ဗီလာ၏ ကိုယ်စားလှယ်တစ်ဦးဖြစ်သူက သူ၏ ကြံ့ခိုင်မှုအခြေအနေတွင်သာ မူတည်ကြောင်း၊ သို့သော်လည်း ဒေးဗစ်ဗီလာကို လာမည့် ဧပြီလအကုန်လောက်တွင် မြင်တွေ့ရနိုင်သည်ဟု မိမိတို့ ယူဆရကြောင်း၊ သူဟာ စိတ်ဓါတ်ပြင်းထန်ပြီး အလုပ်ကြိုစားသူဖြစ်၍ အသင်းအတွက် အမြန်ဆုံး ပြန်လည် ကစားနိုင်လိမ့်မည်ဟု ယုံကြည်ပြောကြားခဲ့သည်။ တိုက်စစ်မှူး ဒေးဗစ်ဗီလာသည် လာမည့် ဧပြီလ ၂၂ ရက်နေ့တွင် ကစားမည့် ရီးရဲလ်အသင်း လာလီဂါ ပွဲစဉ်မှသာ ဘာစီလိုနာ အသင်းအတွက် လေ့ကျင့်ခန်း ပြန်ဆင်းနိုင်မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ တိုက်စစ်မှူးသည် ယခုရာသီတွင် ဘာစီလိုနာ အသင်းအတွက် ၂၄ ပွဲကစားကာ ၉ ဂိုးသွင်းယူထားသူ ဖြစ်သည်။