Latest News

အသင်းအတွက် ပိုမိုခြေစွမ်းပြလိုသည့် ဆန်းချက်ဇ်

Print PDF

Share this post

 

 

   ဘာစီလိုနာ တိုက်စစ်မှူး ဆန်းချက်ဇ်သည် ၎င်းအနေဖြင့် အသင်းအတွက် ပိုမို ပေးဆပ်သွားရန် ဆန္ဒရှိနေသည်။ အဆိုပါ ချီလီ တိုက်စစ်မှူးသည် အူဒီးနီးစ် အသင်းမှ ယခုရာသီတွင် ဘာစီလိုနာ အသင်းသို့ ယူရို ၂၅ သန်းဖြင့် ရောက်လာခဲ့သည့် ပထမဆုံး ချီလီ ကစားသမား ဖြစ်လာခဲ့သည်။ ဆန်းချက်ဇ်သည် ဘာစီလိုနာ အသင်းအတွက် နောက်ဆုံး ၁၄ ပွဲတွင် ၈ ဂိုး သွင်းယူထားသူ ဖြစ်သည်။ အဆိုပါ တိုက်စစ်မှူးသည် လက်ရှိတွင် ဘာစီလိုနာအသင်းမှ မက်ဆီ၊ အင်နီယေစတာ၊ ဇာဗီတို့နှင့် အတွဲညီညီခြေစွမ်းပြ ကစားနေသည်။ ဆန်းချက်ဇ်က စပိန်လာလီဂါက ဘာစီလိုနာအသင်းမှာ ကစားရခြင်းဟာ ဘောလုံးသမား တစ်ဦးအတွက် လှပသည့် အရာပင်ဖြစ်ကြောင်း၊ မိမိအနေဖြင့် အူဒီးနီးစ်အသင်းနှင့်အတူ အီတလီမှာ ကစားတုန်းက ခံစစ်အားသန်သည့် ကစားဟန်များနှင့်သာ ရင်ဆိုင်ခဲ့ရကြောင်း၊ အဲဒီတုန်းက မိမိ ဘောလုံးရပြီဆိုရင် မိမိကို ပြိုင်ဘက် အသင်းမှ ကစားသမား ၃ ဦးအထိ အသုံးပြုပြီး လူကပ်ကစားခဲ့၍ အရမ်းကို ခံစစ် ဆန်လွန်းတဲ့ ကစားဟန်မျိုး ဖြစ်ခဲ့ကြောင်း ပြောကြား သွားခဲ့သည်။