25 February 2012

ရီးရဲလ်နည်းပြ မော်ရင်ဟိုသည် ၎င်း၏ အသင်းဟောင်းဖြစ်သည့် ချဲလ်ဆီးအသင်းသို့ ပြန်လာရန် စဉ်းစားနေကြောင်း ချဲလ်ဆီး အသင်းမှ သတင်းများ ထွက်ပေါ်နေသည်။ မော်ရင်ဟိုသည် ချဲလ်ဆီးအသင်းကို စွန့်ခွာခဲ့သော်လည်း လက်ရှိ အချိန်အထိ ချဲလ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ခ်ျနှင့် အဆက်အသွယ် မပြတ်ခဲ့သူလည်း ဖြစ်သည်။ မော်ရင်ဟိုသည် ၎င်းအနေဖြင့် ပရီးမီးယားလိဂ်သို့ ပြန်ရောက်ဖွယ်ရှိနေကြောင်း အတည့်အလင်း ပြောဆိုဝန်ခံခဲ့ဖူးပြီး လာမည့် နွေရာသီတွင် ရီးရဲလ်အသင်းမှ ထွက်ခွာဖွယ် ရှိနေကြောင်း သိရသည်။ မော်ရင်ဟို လက်ထက် ရီးရဲလ်အသင်းသည် ယခုရာသီ လာလီဂါနှင့် ချန်ပီယံလိဂ်တို့တွင် ရလဒ်ကောင်းများ ရရှိနေသည်။ မော်ရင်ဟိုကို ၎င်း၏ အသင်းဟောင်း ဖြစ်သည့် အင်တာအသင်းကလည်း ပြန်လည်ခေါ်ယူရန် စိတ်ဝင်စားနေသည် ဟူ၍လည်း သတင်းများ ထွက်ပေါ် နေသည်။