ချဲလ်ဆီးနှင့်ပွဲအတွက် ဂန့်နည်းပြ ယုံကြည်မှု ပြည့်ဝနေ

Print PDF

Share this post

 

  ဘယ်လ်ဂျီယံ ကလပ် ဂန့်အသင်း နည်းပြ မာရီယိုဘင်းသည် ယနေ့ည ချဲလ်ဆီးအသင်းနှင့် အိမ်ကွင်း ချန်ပီယံလိဂ် ပွဲစဉ်အတွက် အသင်းကို ယုံကြည်မှု ရှိနေသလို ပြိုင်ဘက် အသင်းကို အဟန့်အတား တစ်ခုပြုလုပ်နိုင်မည်ဟု မျှော်လင့်နေသည်။

  လွန်ခဲ့သည့် နှစ်ပတ်ခန့်က အဝေးကွင်း ပွဲစဉ်တွင် ဂန့်အသင်းမှာ ချဲလ်ဆီး အသင်းကို ၅းဝ ဖြင့် ဂိုးပြတ်ရှုံးနိမ့်ခဲ့သည်။ နည်းပြ ဘင်းသည် ချဲလ်ဆီးအသင်းအတွက် လွန်ခဲ့သည့် အာဆင်နယ် အသင်းကို ၅း၃ ဖြင့် ရှုံးနိမ့်ခဲ့သည့် ပွဲစဉ်အပြီး နောက်ထပ် စိတ်ပျက်မှု တစ်ခုကို ၎င်းတို့ အသင်းမှ ကစားသမားများက ဖန်တီးပေးနိုင်လိမ့်မည်ဟု  ယုံကြည်နေသည်။
     မာရီယိုဘင်းက “ဒီနေ့ညပွဲအတွက် ကျွန်တော့်အနေနဲ့ ကိုယ့်ရဲ့ အသင်းကို ယုံကြည်မှု ရှိပါတယ်။ ဒါပေမယ့်လည်း အိမ်ကွင်းမှာ ရင်ဆိုင်ရမယ့် အသင်းဟာ အသင်းကောင်း တွေထဲက တစ်သင်းဖြစ်တဲ့ ချဲလ်ဆီးအသင်းဆိုတာကိုလည်း ကျွန်တော်တို့ သဘောပေါက်ပါတယ်။ ဘောလုံးလောကမှာ အခွင့်အရေး ဆိုတာ ရှိတတ်ပါတယ်။ ဒီနေ့ည အိမ်ကွင်းမှာ ကျွန်တော်တို့အနေနဲ့ ဂိုးသွင်းဖို့ အခွင့်အရေး ရရှိမယ်လို့ ယုံကြည်ပါတယ်။ လန်ဒန်မှာတုန်းကထက် ကျွန်တော်တို့ ပိုပြီး ကောင်းအောင် ကြိုးစားရပါမယ်။ ချဲလ်ဆီးအသင်းရဲ့ အထာကို ကျွန်တော်တို့ အနေနဲ့ အဝေးကွင်းမှာ ကစားခဲ့တုန်းကတည်းက သိပြီးသားပါ” ဟု ပြောဆိုခဲ့သည်။ ဂန့်အသင်းသည် အုပ်စု E တွင် နောက်ဆုံး ၃ ပွဲမှ ရမှတ် ၁ မှတ်သာ ရထားပြီး အုပ်စု အောက်ဆုံးတွင် ရပ်တည်နေသည်။